The Lengend of the blue seaအပိုင်း(89) သွေးသားတော်စပ်မူ့
ရီနာနာရဲ့ပုံစံက ပိုက်ကွန်ထဲမိနေတဲ့ငါးလေးလိုပဲ
သနားစရာလေးဖြစ်နေလေတယ်
"ဘာဖြစ်နေတာလဲ မေ့မေ့"
ဝိုလျန်းက ရီနာနာရဲ့မူမမှန်မူတွေကိုတွေ့ပြီး မျက်မှောင်ကြုတ်ကာပြောလာလေတယ်
ဝိုလျန်းစကားကြောင့် ရီနာနာပိုပြီးတွန့်ဆုတ်လာလေရဲ့ ဒါပေမဲ့လဲ သူမ ခေါ်ဖြစ်အောင်တော့ခေါ်လိုက်ဆဲပါပဲ
"မားးးးးး "
" ........"
ခန်းမတခုလုံး အေးခဲသွားတဲ့ဟန်နဲ့ တိတ်ဆိတ်သွားကြလေတယ်
အတန်ကြာမှ ဝိုလျန်းက
"မေ့မေ့ အထင်လွဲနေတာလား ကျဲမှာ အပြာရောင်ဆံနွယ်တွေနဲ့မျက်ဝန်းပြာတွေပိုင်ဆိုင်ထားတဲ့သမီးမရှိပါဘူး"
လီယူရီနဲ့လီယူလျန်းကလဲ သူမကိုစိုက်ကြည့်လာကြတယ်
သူတို့မျက်ဝန်းထဲမှာ သူမကိုစိတ်ရှုပ်ထွေးစွာတွေးနေတာကအထင်းသားပေါ်နေကြတာပေါ့
ဒီတယောက်ကဘာလား
သူ့သမီးပုံစံလုပ်ချင်ရင်လဲ ဆံပင်အရောင်လေးတော့အရင်ပြောင်းလိုက်ပါဦးလို့ပြောချင်နေသလိုပဲ
ဝိုလျန်းကတော့ သူမကိုအလေးအနက်စိုက်ကြည့်နေလေတယ်
"မေ့မေ့က ကျဲနဲ့ခင်နေတာမို့ ဒီတခါကိစ္စကိုခွင့်လွတ်လိုက်မယ် ဒါပေမဲ့ ကျဲရဲ့သမီးကိစ္စနဲ့တော့ လာမရှုပ်ပါနဲ့ ဒါနောက်ဆုံးသတိပေးခြင်းပဲ"
ရီနာနာ မျက်ရည်တို့ပြုတ်ကျလာခဲ့တယ် မတ်တပ်မရပ်နိုင်တော့လို့ ဒူးထောက်ကျသွားလေရဲ့
မော့ဟွားက သနားသလိုကြည့်နေပြီး ဘေးလူသာလုပ်နေေလတယ်
အဲ့အချိန် ဟုန်ဟုန်ရောက်လာပြီး သူမဘေးနားလာထိုင်ကာ
"မေမေ ဘွားဘွားလက်မခံလဲ သမီးနဲ့ပါးပါးရှိပါသေးတယ် မကြောက်နဲ့နော် "
ရီနာနာ ငိုရှိုက်နေလေပြီ
သူမရဲ့ပုံစံအမှန်ကိုပြဖို့ကလဲ နည်းလမ်းမရှိ
VOCÊ ESTÁ LENDO
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Ficção Históricaown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...