အပိုင်း(11)uni&zgi

674 32 1
                                    


လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(11)

သူမက သူ့ကိုစားနေရင်းမှ ခေါင်းငြိမ့်ပြတယ် မထင်မှတ်ပဲ သူက သူမရဲ့နှုတ်ခမ်းထောင့်မှာပေနေတာလေးကိုသွားတွေ့တော့ မနေနိုင်ပဲလှမ်းသုတ်ပေးမိတယ်

ပြီးတော့လှည့်ထွက်လာပြီး သူမကိုသုတ်ပေးတဲ့လက်ကိုသူ့ပါးစပ်ထဲထည့်ကာ အရသာခံလိုက်တယ် သူမစားနေတာ အချိုမုန့်ဖြစ်နေလို့များလားမသိ သူ့ခံတွင်းတခုလုံးချိုမြိန်သွားတော့တယ်

သူ့အတွက်ကတော့ ဒီလောက်နဲ့တော်ပါပြီ သူမကို ဒီလိုလေးမြင်နေခွင့်ရရင် ဒါမှမဟုတ် တိတ်တဆိတ်ချစ်ခွင့်ရနေရင် အဆင်ပြေပါပြီ

မုယွမ်ယွမ်ကတော့ ဝူလင်းယန်ရဲ့ ခံစားချက် အတက်အကြအပြောင်းအလဲတွေကိုလုံးဝမသိပဲ သူမရဲ့ကားကို ပျော်ပျော်ကြီးမောင်းကာ ထွက်သွားလေပြီ

ဒါပေမဲ့လဲ သူမ မီးပွိုင့်မိပြီး မီးစိမ်းတာကိုစောင့်နေတဲ့အချိန်မှာ တစ်ယောက်သောသူကို‌ေတွ့လိုက်ရလေတော့တယ်

"ဟင် ? မင်ထျန်းလား?"

သူမ ကြည့်လိုက်တော့ အဲ့တစ်ယောက်က အရူးအတိုင်းပဲ ပြေးလွှားပြီး ဟိုလူ့ကို ဓာတ်ပုံပြလိုက် ဒီလူ့ကိုဓာတ်ပုံပြလိုက်နဲ့

"လူရှာနေတာလား ဘာဖြစ်နေတာလဲ"

မုယွမ်ယွမ်ရဲ့စိတ်ပူသွားလို့ ကားမီးစိမ်းတာနဲ့ ချက်ချင်းပဲ မောင်းထွက်လာကာ ကားကိုလမ်းဘေးထိုးရပ်လိုက်ပြီးမှ သူ့နားပြေးသွားလိုက်တယ်

"မင်ထျန်း ဘာဖြစ်လို့လဲ"

အနီးကပ်မှ မြင်လိုက်ရတာက ကောင်းမင်ထျန်းရဲ့ တကိုယ်လုံးချွေးတွေနဲ့ရွှဲနေပြီး မျက်နှာကလဲ အလွန်အမင်းသောကရောက်နေတဲ့ပုံပေါ်တယ်

သူက သူမကိုတွေ့တော့

"အမေ! အမေ ပျောက်သွားလို့ မနက်က ကိုယ်ထလာထဲက မတွေ့တာ "

"ဘယ်သွားတတ်လဲ မသိဘူးလား"

"သွားတတ်တဲ့နေရာ‌ေတွမှာ မတွေ့ဘူး "

"ဒါဆို အထိမ်းအမှတ်ရက်လား တွေးကြည့်ဦး "

"အဲ့လိုလဲမဟုတ် အာ ဟုတ်တယ် ဟုတ်တယ် ဒီနေ့က ကိုယ်သေတဲ့နေ့ပဲ "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Opowieści tętniące życiem. Odkryj je teraz