အပိုင်း(၇၇) ကျောက်စိမ်းသစ်သီး

28 2 0
                                    


တိုက်ပွဲဂိုလမ်ဂိုဏ်းရှေးဟောင်းနယ်မြေက နတ်ဆိုးအကျဉ်းထောင်နယ်မြေမှဆိုရင် မိုင် ၂၀၀ခန့်ကွာဝေးပေသည်။ ဇူယွမ်တို့လူစုက ရှေးဟောင်းနယ်မြေကိုရောက်ဖို့ နှစ်နာရီကျော်ကြာခရီးနှင်လာခဲ့ရသည်။

ဇူယွမ်တို့လူစုက တောင်ကုန်းတစ်ခုပေါ်မှာရပ်တန့်လိုက်ပြီး သူတို့ရှေ့ရှိ ကြီးမားသည့်သစ်ပင်ကြီးတွေပေါက်ရောက်နေလျက်ရှိသည့် တောအုပ်ကြီးကိုမမှိတ်မသုန်စိုက်ကြည့်နေကြလျက်ရှိသည်။ တောအုပ်ရဲ့အနက်ပိုင်းမှာ အဖြူရောင်မြူနှင်းတွေရစ်သိုင်းနေပြီး ပျက်စီးယိုယွင်းနေသည့် များစွာသောအဆောက်အအုံတွေရဲ့ မှုန်ဝါးဝါးပုံသဏ္ဍာန်တွေ ထွက်ပေါ်နေသည်။

ရှေးဟောင်းနယ်မြေရဲ့အထက်ကောင်းကင်ယံမှာ အလင်းရောင်တွေခုန်ပေါက်လှုပ်ရှားနေသလို ဘာမှန်းမသိရတဲ့အန္တရာယ်အငွေ့အသက်တွေ ပျံ့နှံ့နေသည်ကို သူတို့အားလုံးခံစားမိခဲ့ရသည်။

ယောင်ယောင်က လှုပ်ရှားနေသည့်အလင်းရောင်တွေကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်... "ရှေးဟောင်းနယ်မြေအပေါ်မှာ မူလမှော်စာလုံးနယ်နိမိတ်တစ်ခုရှိတယ်..."

မူလမှော်စာလုံးနယ်နိမိတ်ဆိုသည်က လွန်စွာမှရှုပ်ထွေးသလို မူလမှော်စာလုံးများစွာကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ကာ ၎င်းကဝင်္ကပါတစ်ခုနှင့် အနည်းငယ်တူပေသည်။

ဒီမူလမှော်စာလုံးနယ်နိမိတ်က တိုက်ပွဲဂိုလမ်ဂိုဏ်း အဆိပ်ရေအိုင်အတွင်းမှာ တည်ရှိနေခဲ့စဉ်ကတည်းက ဂိုဏ်းရဲ့နယ်နိမိတ်ကိုကာကွယ်ဖို့အတွက် အသုံးပြုခဲ့ခြင်းဖြစ်ဟန်တူသည်။ တိုက်ပွဲဂိုလမ်ဂိုဏ်းပျောက်ကွယ်သွားခဲ့ရပြီးနောက်မှာ မူလချီတွေကင်းမဲ့သွားခဲ့ရမှုကြောင့် မူလမှော်စာလုံးနယ်နိမိတ်ကလည်း တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်လာခဲ့ရပေမဲ့ အစိတ်အပိုင်းအချို့က ကျန်ရှိနေသေးသည့်ပုံပင်။ ဂရုစိုက်ခြင်းအလျဉ်းမရှိဘဲ ကောင်းကင်မှဖြတ်သန်း၍ ရှေးဟောင်းနယ်မြေအတွင်းဝင်ရောက်လာတဲ့သူတွေက မူလမှော်စာလုံးနယ်နိမိတ်ရဲ့ ကြွင်းကျန်ရစ်သည့်အပိုင်းနဲ့ သေချာပေါက်ထိပ်တိုင်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကာ မူလစဦးအဆင့်ကျင့်ကြံသူတွေတောင်မှပင် အချို့အရာတွေကို နိုင်နင်းစွာကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now