ချီဟောင်ရဲ့စကားကိုကြားလိုက်ရသည့်နောက်မှာ ဇူယွမ်ရဲ့အမူအယာကပြောင်းလဲသွားခြင်းမရှိခဲ့ပေမဲ့လည်း သူ့ရဲ့မျက်လုံးထဲမှ လူသတ်လိုတဲ့အငွေ့အသက်တွေ ရုတ်ချည်းထွက်ပေါ်လာခဲ့ရသည်။ ကျောက်စိမ်းသစ်သီးက သူ့အမေရဲ့သက်တမ်းကို ဆွဲ့ဆန့်နိုင်ဖို့အတွက် အရေးကြီးသည့်ရတနာတစ်ခုဖြစ်သည်။ သူက ဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရ ဒီပစ္စည်းကိုအခြားလူတစ်ယောက်က အဝေးသို့ယူဆောင်သွားမည်ကို သူ့အနေဖြင့်ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။ထိုအခိုက်အတန့်မှာပင် ဝေကန်းလန်က မှတ်ချက်ချလိုက်သည်... "မင်းသားလေး... ဒီရေကန်နဲ့ပတ်သက်လို့ တချို့အရာတွေက နည်းနည်းတော့ထူးဆန်းနေတယ်..."
ဇူယွမ်က ချီဟောင်ကိုကြည့်နေသည့် သူ့ရဲ့အကြည့်တွေကို ပြန်၍ရုပ်သိမ်းလိုက်၏။ သူသည်လည်း အလားတူပင် တစ်ခုခုလွဲမှားနေသည်ကို အာရုံခံနိုင်မိခဲ့သည်။ ထို့ကြောင့်ပင် များစွာသောလူတွေက သူတို့ထက်အရင် ဒီနေရာကိုရောက်ရှိနေခဲ့ပေမဲ့ ရေကန်ထဲကိုဝင်ရောက်ပြီး ကျောက်စိမ်းသစ်သီးကို ရယူဖို့မကြိုးစားရဲခဲ့ဘဲ ရေကန်၏ဘေးတွင်သာ စောင့်ဆိုင်းနေခဲ့ကြသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးတစ်ခုခုကို စိုးရိမ်ထိတ်လန့်နေသည်မှာ ထင်ရှားလှပေသည်။
ယောင်ယောင်က ရေကန်အထက်ရှိလေထုကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်... "ရေကန်ရဲ့အထက်က ပျက်စီးနေတဲ့မူလမှော်စာလုံးနယ်နိမိတ်တစ်ခုပဲ..."
ဝေကန်းလန်က သဘောတူစွာပင်ခေါင်းညိတ်ပြခဲ့လိုက်သည်။ ပျက်စီးနေသည့်မူလမှော်စာလုံးနယ်နိမိတ်က သူ့လိုမျိုးလူကိုတောင်မှပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်လို့ ခံစားမိရသည့်အတွက် သူ့အနေဖြင့် မဆင်မခြင်ဝင်ရောက်သွားရဲခြင်းမရှိခဲ့ပေ။ ဒီနေရာကသေချာပေါက်ပင် တိုက်ပွဲဂိုလမ်ဂိုဏ်း၏ အနည်းငယ်အရေးပါသည့်နေရာတစ်ခု ဖြစ်ခဲ့ရပေမည်။
"ငါတို့တွေ ရေပေါ်ကိုဖြတ်ပြီး လမ်းလျှောက်သွားလို့ရနိုင်မလား..." ဇူယွမ်ကမေးလိုက်သည်။
ယောင်ယောင်က သူမရဲ့ခေါင်းကိုခါယမ်းပြလိုက်ပြီး... "ရေတွေက နည်းနည်းတော့ထူးဆန်းနေတယ်... ဒါကိုကြည့်ရတာ လူတစ်ယောက်ရဲ့မူလချီတွေက ပိုပြီးတော့သန်မာလေ အဲ့ဒီလူက အလွယ်တကူနစ်မြှုပ်သွားနိုင်လေပဲ..."
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။