အပိုင်း(၈၀) ရတနာကိုရရှိခြင်း

34 4 0
                                    

"ဒါကဘာလဲ..."

ဇူယွမ်က ကျောက်စိမ်းရောင်အလင်းရဲ့အောက်မှာ လှုပ်ရှားနေသည့်ငွေရောင်လက်စွပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိသည်။ ငွေရောင်လက်စွပ်ထံမှ လှုပ်ရှားမှုတွေက သူနဲ့အနည်းငယ်ရင်းနှီးမှုရှိသည်လို့ ခံစားခဲ့ရသည်။

သူကအနည်းငယ်တုန့်ဆိုင်းသွားခဲ့ရသကဲ့သို့ သူ့လက်ထဲမှာကိုင်ထားသည့် ကောင်းကင်ယွမ်စုတ်တံက ရုတ်တရက်ရှည်ထွက်လာခဲ့ပြီး သိုင်းပညာပုံစံသို့ပြောင်းလဲသွားခဲ့သည်။ သူကစုတ်တံရဲ့ထိပ်ဖျားကို ညင်သာစွာလှုပ်ရှားလိုက်ပြီး သစ်ကိုင်းထက်မှ ငွေရောင်လက်စွပ်ကို ဖြုတ်ယူလိုက်သည်။

ဇူယွမ်ကလက်တစ်ဖက်ထုတ်ကာ ငွေရောင်လက်စွပ်ကိုဖမ်းယူလိုက်သကဲ့သို့ အေးစက်တဲ့ခံစားချက်တစ်ခုက သူ့ရဲ့လက်ထဲကို ဝင်ရောက်လာခဲ့ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်သည့်အခါ လက်စွပ်အပေါ်မှာ ထူးဆန်းတဲ့အရှိန်အဝါအငွေ့အသက်တွေ ထုတ်လွှတ်နေသည့် ရှေးကျတဲ့ပုံစံအချို့ကို တွေ့လိုက်ရသည်။

ဒါ့အပြင် သူကလက်စွပ်ကို ကိုင်ထားစဉ်မှာ သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်က ၎င်းရဲ့စွမ်းအားတွေ တိုးမြင့်လာခဲ့ရသကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ရသည်။

"ဒီလက်စွပ်က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ပိုပြီးသန်မာစေနိုင်တာလား..." အတွေးတစ်ခုက ဇူယွမ်ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ရသကဲ့သို့ သူကကျောက်စိမ်းသစ်ပင်ကို မော့ကြည့်လိုက်သည်။ လက်စွပ်ကိုသစ်ကိုင်းမှ ဖယ်ရှားခဲ့ပြီးနောက်မှာ ကျောက်စိမ်းသစ်ပင်ထံမှ စိတ်ဝိညာဉ်လှုပ်ရှားမှုတွေက အားပျော့သွားခဲ့ရသည်။

"အစောပိုင်းစိတ်ဝိညာဉ်တိုက်ခိုက်မှုတွေက ကျောက်စိမ်းသစ်ပင်ရဲ့အလိုအလျောက်ကာကွယ်ခြင်းမှ ထွက်ပေါ်လာတဲ့တိုက်ခိုက်မှုတွေဖြစ်ပေမဲ့ ကျောက်စိမ်းသစ်ပင်မှာ ဘယ်လိုလုပ်ဒီလိုစွမ်းအားပြည့်ဝလှတဲ့ စိတ်ဝိညာဉ်ရှိနေရတာလဲ..." ဇူယွမ်ရဲ့မျက်လုံးထဲမှာ တစ်စုံတစ်ခုကိုတွေးမိလိုက်သည့်အလား တောက်ပသွားခဲ့ရကာ သူ့ရဲ့အကြည့်တွေက လက်ထဲမှာကိုင်ထားသည့် မှိန်ဖျော့ဖျော့ငွေရောင်လက်စွပ်ထံ နောက်တစ်ကြိမ်ထပ်မံရောက်ရှိသွားခဲ့ရသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now