1

321 21 0
                                    

ကျွန်တော့်နာမည်က ဟာမာဒါ အဆာဟီ..။
ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာမွေးတဲ့
အိုဆာကာ သားလေးတစ်ယောက်ပါ...။
အိုဆာကာ တက္ကသိုလ်မှာအနုပညာမေဂျာ
ဒုတိယနှစ်တက်နေတဲ့ကျောင်းသား
တစ်ယောက်လဲဖြစ်တယ်....။

"ကဲ ကဲ ဒီနေ့တော့ဒီလောက်ပဲ...။
နားကြမယ် ကျောင်းသားတွေ..."

အသံပိုင်းဆိုင်ရာသင်ပေးတဲ့ ဆရာကပစ္စည်း
တွေလက်စသတ်ပြီးပြောသည်....။
ကျောင်းသားတွေကလဲ ကိုယ်စီကိုယ်စီ
အတန်းထဲကနေထွက်သွားကုန်ကြပြီ...။
နောက်ဆုံးတော့ အတန်းထဲမှာသူ
တစ်ယောက်ပဲကျန်နေခဲ့တယ်...။
မနေ့ညက တစ်ညလုံးသီချင်းရေးနေတာ
ကြောင့် လင်းအားနီးမှအိပ်ပျော်ခဲ့တဲ့
အကျိုးဆက်က သူ့အားအခုအိပ်ချင်စေသည်။
စားပွဲပေါ်မှောက်ပြီး မှိန်းနေရာကနေ..
သူတစ်ရေးလောက်အိပ်ပျော်သွားသည်ထင်
သည်...။

°°°°°

(ဒီနေရာမှာ နာမည်အပြောင်းအလဲလေး
ရှိပါမယ်...။
Asahi = Arthur
Jaehyuk = Kevin)

လွတ်လပ်ရေးမရသေးတဲ့ခေတ်ကာလ...။
ကိုးရီးယားနိုင်ငံက အင်္ဂလိပ်လက်အောက်
ရောက်နေတာမို့ ကလေးတွေက
စာသင်ကျောင်းကို အင်္ဂလိပ် စာသင်ကျောင်း
တွေမှာတက်ကြရသည်...။
အဲဒီတော့ ကလေးတွေမှာ အင်္ဂလိပ်နာမည်
ကိုယ်စီရှိကြတယ်...။

"Arthur..."

ထိုအော်သံကြောင့် သစ်ပင်တစ်ပင်အောက်
မှာထိုင်ကာစာဖတ်နေတဲ့ ပိန်သေးသေး
ကောင်လေးက အသံလာရာကိုလှမ်းကြည့်
လိုက်သည်....။
သူ့ဆီကို ပြေးလာနေတဲ့ နောက်ထပ်
ကောင်လေးတစ်ယောက်...။

"Arthur မင်းကလဲ မပြောမဆိုနဲ့
ဒီကိုရောက်နေလိုက်...။
ငါ့မှာတော့ မင်းကိုလိုက်ရှာနေရတာ.."

"ဆောရီးကွာ...Kevin.
မင်းလဲမအားတာနဲ့
ငါမပြောလာလိုက်တော့တာ..."

"ထားပါ.."

ပြောပြီး ထိုကောင်လေးက Arthur ဆို
တဲ့ကောင်လေးရဲ့ဘေးမှာဝင်ထိုင်သည်..။

Arthur နဲ့ Kevin ဆိုတာ
အရမ်းခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်...။
ဒီကျောင်းရောက်မှသိကြတာဆိုပေမယ့်..
ဝါသနာတူ အသက်တူ ဆိုတော့
ငယ်ပေါင်းကြီးတွေလိုကိုခင်နေကြတာ..။
တစ်ယောက်အကြောင်းလဲ တစ်ယောက်
အကုန်သိကြတယ်...။

အတိတ်ပုံပြင်[COMPLETED]Where stories live. Discover now