အပိုင်း ၇၆

3K 398 0
                                    

Unicode


စန်းပြည်နယ်သည် စန်းယွမ်ယွမ် စိတ်ကူးယဥ်ထားသည့်အတိုင်း အတိအကျပင်။ နေရာတိုင်းမှာ ကြီးမားသည့် အစိမ်းရောင်လွင်ပြင်တွေချည်းပင်။တစ်ချက်ကြည့်ရုံဖြင့် တက်ကြွလန်းဆန်းအားပြည့်မှုကိုဆောင်ကြဥ်းပေးလာနိုင်သည်။

ဤနေရာမှာ သဘာဝ ပိုးချည်မျှင်ကောင်လေးများ ကြွယ်ပြောပြီး စန်းတောအုပ်ထဲမှာတော့ ကြံ့ခိုင်သန်မာသည့် အမျိုးသားများက ပျားပန်းခပ် လှုပ်ရှားသွားလာနေကြပြီး လှပတင့်တယ်သည့်အမျိုးသမီးများကတော့ နေရာစုံမှာ ဗိုင်းငင်နေကြသည်။ရိုးရှင်းသည့် ရိုးရာယဥ်ကျေးမှုများဖြင့် အဖိုးတန်သည့်နေရာလေးတစ်ခုပါပေ။

ဤနေရာမျိုးမှာ တစ်ဘဝလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ငြိမ်စွာ ကုန်ဆုံးသွားဖို့သည် သူမစိတ်ထဲက အကြိုက်တကာ့အကြိုက်ဆုံး အစီအစဥ်ပင်။

"အိမ်လွမ်းနေတာလား"

ယုံးဝူမင့်က ခပ်တိုးတိုးမေးသည်။

စန်းယွမ်ယွမ်က ခေါင်းညိတ်ပြလိုက်၏။

သူက သူမငယ်ထိပ်ပေါ်မှာ သူ့မေးစေ့ကို အသာတင်ရင်း မပွင့်တပွင့်ဆိုလာသည်။

"နောက်ကျ ပြန်ခေါ်သွားပေးမယ်လေ။ ကိုယ့်ဒဏ်ရာ သက်သာလာတဲ့ထိ စောင့်ပေးပါဦး။ မဟုတ်ရင် ကိုယ် ဟိုနှစ်ယောက်ကို အနိုင်ချနိုင်မှာ မဟုတ်ဘူး"

သူ့ဒဏ်ရာက ဘယ်မှာလဲဆိုတာကိုတော့ သူမကို ပြောမပြပါပေ။

သူဟာ ကောင်းမွန်သည့် အနက်ရောင်သံမဏိသံချပ်ကာကို ဝတ်ဆင်ထားတာကြောင့် စန်းယွမ်ယွမ်ပင်လျှင် မတွေ့နိုင်ချေ။

မလှမ်းမကမ်းက အနီးကပ်ကိုယ်ရံတော်တစ်ယောက်က ရောက်လာကာ သွမ်မင့်ဘေးမှာ ဘေးချင်းယှဥ်လိုက်ရင်း ကျောက်စိမ်းပြား မနည်းမနောကို ယုံးဝူမင့်ထံ ပေးအပ်လာသည်။

ဤအချိန်မှာ ပင်မတပ်မဟာက ယုံးပြည်နယ်၏ နယ်စပ်ပေါ်က ပထမဆုံး စစ်မက်ရေးရာမြို့ဖြစ်သည့် ရှန့်တုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယုံးဝူမင့်က ဒီနေရာမှာ နားကြဖို့အမိန့်ပေးရင်း စန်းယွမ်ယွမ်အား ကျင့်ကြံရေးမှာ အားကောင်းကြသည့် အမျိုးသမီးအစေခံအိုကြီးတွေလက်ထဲ အပ်ကာ သူ ရထားသည့်ကျောက်စိမ်းပြားတွေကို ကိုင်၍ စာကြည့်ခန်းထဲသို့ အလျင်စလို ပြေးတော့သည်။

သူမပဲ အထိမခံဖြစ်နေသလားတော့ မသိပေ။ စန်းယွမ်ယွမ်မှာ ထိုသူ အနည်းငယ်စိတ်လှုပ်ရှားဟန်ပေါက်နေတာကို ခံစားမိနေ၏။ သူ့ဆီပို့လိုက်သည့် ကျောက်စိမ်းပြားက သူ့ချစ်သူဆီက ဟုတ်မဟုတ် ဆိုတာတောင် သူမ သံသယဖြစ်လာမိသည်။

အမျိုးသမီးအစေခံအိုကြီးများမှာ စကားနည်းလှပြီး ရေနွေးနွေးရှိသည့် စည်ပိုင်းတစ်ခုကို ပြင်ဆင်နေကြ၏။

စန်းယွမ်ယွမ်၏ ကန့်ကွက်ချက်ကို လျစ်လျူရှုကာ သူတို့က သူမအား လှီးဖြတ်ထားသည့်အသားပိုင်းတွေကို ဆေးကြောသကဲ့သို့ သန့်ရှင်းပေးကာ ရေစက်တို့ကို သုတ်ပေးလေကြသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now