အပိုင်း ၈၀

3.4K 423 8
                                    

UNICODE

    
ရထားလုံးနှင့် သားရဲတွေက ကျန်းနန်းတော်ထဲ ဝင်ရောက်လာသည်။
   
သူမ အောက်သို့ ဆင်းလိုက်သည်နှင့် ရဲတင်းသော အကြည့်များစွာက သူမကိုယ်ပေါ် စူးစိုက်ရောက်လာကြတာကို ခံစားမိလိုက်သည်။
   
စန်းအိမ်ရှေ့စံက ရှေ့တစ်လှမ်းတိုးကာ အကြည့်တွေကို ပိတ်ကာပစ်လိုက်၏။
   
ကျန်းဘုရင်က ချူချာကာ ပိန်ပါးသော လူပင်။အိမ်ရှေ့စံ ကျန်းကျင်ကျန်းနှင့် ကိုယ်လုပ်တော်ဖွားညီတစ်ယောက်ကတော့ သူ့နောက်မှာ ရပ်နေလျက်။ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ခမည်းတော်လိုပင် ဝါးလုံးလေးတွေအလား ပိန်ပါးလှသည်။
   
နှစ်ဖက်အဖွဲ့က တော်ဝင်မိသားစုတွေ့ဆုံပွဲဓလေ့အတိုင်း ပြုမူကြပြီးနောက် စန်းမိသားစုသုံးဦးကို နန်းတော်စားတော်ပွဲကြီးထဲသို့ ဖိတ်ခေါ်လိုက်ကြသည်။
   
စန်းအိမ်ရှေ့စံနှင့် ကျန်းအိမ်ရှေ့စံဟာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ရမည်ဖြစ်သော်လည်း ထိုလူရှုပ်က သူ၏ ကိုယ်လုပ်တော်ဖွားညီကို ပင်မနေရာမှာထိုင်ခိုင်းကာ သူကတော့ စန်းယွမ်ယွမ်နှင့် မျက်နှာချင်းဆိုင်မှာထိုင်လျက် မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။
   
စန်းအိမ်ရှေ့စံမှာ ဒေါသတကြီးဖြင့် ခွက်ကို အကြိမ်ပေါင်းများစွာ ဆောင့်ချသော်လည်းထိုအရှက်မရှိသည့်ကျန်းကျင်ကျန်းကတော့ မသိချင်ယောင်သာဆောင်ထားလေသည်။
   
စန်းယွမ်ယွမ်ကမူ တကယ်တမ်းမှာ ထိုအကြည့်တွေကို နည်းနည်းမှတောင် ဂရုမထားပါချေ။ တစ်ချိန်က ငွေကြယ်ပွင့်ဖြစ်ခဲ့သော လူတစ်ယောက်အနေဖြင့် အကြောက်အလန့်အကင်းဆုံးအရာကား တစ်ပါးသူများ၏ အကြည့်ပင်။
   
ကြည့်ရတာ ​ကြိုက်ရင်လည်း ကြိုက်သလောက် ကြည့်ပေါ့။ဘာပဲဖြစ်ဖြစ် အကုန်လုံးက trafic[1] တွေပဲလေ။
   
"စန်းမင်းသမီး...."

ကျန်းကျင်ကျန်းက သူ့ခွက်ကို ထပ်မြှောက်လိုက်ရင်း

"ဒါ မင်းအတွက်ပါ! မင်းသမီးက နတ်ဆိုးမိစ္ဆာတွေနဲ့တိုက်ပွဲမှာ ဟန်ဘုရင်ကို အနိုင်ပိုင်းပစ်ခဲ့တာဆို! 'အမျိုးသမီးတွေက အမျိုးသားတွေထက် မနိမ့်ကျဘူး' ဆိုတာ တကယ်ပဲကိုး။ကျွန်တော်တို့ကျန်းပြည်နယ်မှာ စစ်မြေပြင်ထဲသွားရဲတဲ့ သခင်မတစ်ယောက်ကို မပျိုးထောင်ဖူးသေးဘူး။တကယ်ပဲ မျှော်လင့်နေမိပါပြီ။ လာ လာ လာ! ကျွန်တော်နဲ့ သုံးခွက်လောက်သောက်ပေးပါ!"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now