"ဘာစားချင်လဲ E?" အိမ်ပြန်ရောက်ကတည်းကသူ့ကိုမျက်နှာချင်းတောင်မဆိုင်ပဲ sofaပေါ်မှာခွေခေါက်ထိုင်နေတဲ့ သူချစ်ရတဲ့ကောင်လေး Eden။
"..."
"မှာပေးလို့လဲရတယ် ကိုယ်ချက်ပေးလို့လဲရတယ် ပြော ဘာစားမလဲ?"
"အစ်ကိုနဲ့ပူးကပ်ပြီးထိုင်နေတဲ့ ကောင်မကိုသွားမေးလေ ဘာလို့ကျွန်တော့်ကိုလာမေးနေလဲ"
"မင်းကိုကိုယ်ရှင်းပြပြီးပြီလေ အလုပ်သဘောအရဆက်ဆံရတယ် သူ့ဘက်ကကိုယ့်ကိုအတင်းလိုက်ကပ်နေတယ် မင်းစိတ်ကောက်သွားတာသိလို့ meetingခန်းထဲကတောင် ခေါက်ခါငင်ကာထွက်လာတာပါဆိုတာတွေ အခါတစ်ရာမကတော့ဘူး"
"..."
"Eden ငါစိတ်မရှည်တတ်ဘူးနော် မြန်မြန်ပြော ဘာစားမှာလဲ နေ့လည်ကလဲဘာမှမစားဘူး"
"ခုလဲမစားဘူး!"
"အေး မင်းလုပ်ချင်တာသာလုပ်"
စိတ်တွေရှုပ်လာတာနဲ့ အိပ်ခန်းထဲဝင်လာခဲ့တော့တယ်၊ Edenကပုံမှန်ဆိုအနေအေးပြီး လူကြီးဆန်တတ်ပေမယ့် စိတ်ကောက် စိတ်ဆိုးသွားပြီးဆိုရင်တော့ပြောမရဆိုမရနဲ့ ကလေးပေါက်စလေးတစ်ယောက်လိုကိုနေတတ်တာ။ ဒါပေမယ့်လဲ သူမကြိုက်တဲ့အရာတွေဖြစ်တဲ့ ရွဲ့ပြီးအစားကိုသေချာမစားတာမျိုးတွေလုပ်တတ်သေးတာမို့လဲ တကယ်အသည်းယားမိရပြန်ရော။
ဒီကောင်လေးနဲ့စတွေ့တာကလဲ တကယ်ကိုထူးဆန်းပါတယ်၊ မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် တစ်ယောက်တည်းကို နှစ်ပတ်ထက်ပိုမတွဲတတ်တဲ့ Domအတွက်ပေါ့။ Edenနဲ့သူက နေ့တိုင်းအလိုလိုတစ်ရုံးတည်းမှာရှိခဲ့ကြပေမယ့် စာရေးသာသာဖြစ်တဲ့ ကောင်လေးကို Domလုံးဝသတိမထားမိတာအမှန်၊ သူကကုမ္ပဏီပိုင်ရှင်လေ ဝန်ထမ်းတွေကိုအဖက်လုပ်စရာမှမလိုတာပဲ။ ဒါပေမယ့်လဲတစ်ခါမှတောင်မမြင်ဖူးပဲ 'ကျွန်တော့်ကိုရာထူးတိုးပေးပါ'ဆိုပြီး ရုံးခန်းအထိကို မျက်နှာတင်းတင်း လေသံခပ်ကြောကြောလာပြောသွားတဲ့Edenကိုတော့ Domရဲ့မျက်စိထဲ တစ်ခါတည်းနဲ့စွဲနေအောင်မှတ်မိသွားခဲ့တယ်။
YOU ARE READING
Let Me Chase You
FanfictionA shot story of Dom and Eden (Please be aware that it's a 🔞story and the things in it may trigger you)