For Unicode
ယခုအချိန်တွင် ညသည် တစ်ဖြေးဖြေးနက်လာပေပြီ။
အဝေးမှ ခပ်ပြပြမြင်နေရမည့် လမ်းမကြီးတွင်လည်း ကားအစီးရေ လျှော့နည်းနေလောက်ပြီ။
ကျေးငှက်ကလေးတွေလည်း အိပ်တန်းတက်ပြီး သတ္တဝါလေးတွေလည်း အနားယူနေလောက်ပြီ။ကုတင်တစ်ခုတည်းပေါ်တွင် ကျောချင်းယှဉ်လျှက် လှဲလျောင်းနေသည် အကြင်ခင်ပွန်းနှစ်ယောက်မှာတော့ အိပ်မပျော်နိုင်သေး။တိတ်ဆိတ်နေသော်ငြား ကိုယ်စီအတွေးကမ္ဘာထဲ မျောလွင့်နေကြသည်။
အလင်းဖျော့ဖျော့ပေးနေသည့် မီးအိမ်လေးကို လက်ညှိုးတစ်ချောင်းနဲ့ တို့တို့ထိထိလုပ်ရင်း အတွေးလွန်နေရှာသည့် ဂျောင်ဂု။သူ့အတွေးတွေကို အုပ်စိုးသူကတော့ ဘေးနားကချစ်ခင်ပွန်းသာ။
သူ့လုပ်ရပ်တွေကမှားသလား၊မှန်သလား သူမခွဲခြားနိုင်။ချစ်တာပဲသိသည်။
သူ့ပယင်းငယ်ရဲ့နှုတ်ခမ်းစပ်က ရေးတေးတေးကျန်နေသေးသည့် ဒဏ်ရာလေးကိုမြင်တော့ ကိုယ်လက်ကိုတောင် ရိုက်ချိုးလိုက်ချင်ပါရဲ့။
သူပိုင်နဲ့ ပယင်းငယ်ရဲ့ ခန္ဓာကိုယ်မှာ သူခွင့်မပြုတဲ့ဘယ်အရာကိုမှ တည်ရှိမနေစေချင်။ကုန်ကုန်ပြောရရင် သူ့အချစ်သင်္ကေတတွေကျန်ရှိနေရင်တောင် သဝန်တိုချင်သည်။အဲ့လောက်ထိ ပယင်းငယ်အပေါ်တန်ဖိုးထားပြီး မြတ်နိုးရတာ ပယင်းငယ်မသိ။
ဟူး...
သက်ပြင်းဖွဖွချကာ မျက်နှာကျက်ကို မျက်နှာမူပြီး နဖူးပေါ်လက်တင်ရင်း ငေးငိုင်နေမိသည်။
ထယ်ယောင်းမှာလည်း ထိုနည်းတူပင်။
သာမန်ထက် သာမန်ဆန်လွန်းနေတဲ့ သူတို့နှစ်ယောက်ရဲ့ နေ့တာတွေ။ထို့နေ့ကပြဿနာအချို့ဖြစ်ခဲ့သော်လည်း တောင်းပန်ခြင်းတောင်မရှိဘဲ၊ချော့မော့ခြင်းတောင်မရှိပါဘဲ အရာအရာအပြီးသတ်သွားခဲ့တာ ရင်နာစရာ။ဂျောင်ကုမှာ သူ့ကိုတောင်းပန်ဖို့စိတ်ကူးမှရှိရဲ့လားဆိုတာ သူမသိ။
လက်ထပ်ပြီးသားအနေအထားဖြစ်လို့ ဂျောင်ကုသာ လက်ပါတတ်တဲ့အကျင့်၊စော်ကားတတ်တဲ့အကျင့်၊ခြိမ်းခြောက်တတ်တဲ့အကျင့်တွေကို ပြင်ပေးမယ်ဆိုရင် ထယ်ယောင်းကြင်နာပေးဖို့ ကြိုးစားမိမှာ။
KAMU SEDANG MEMBACA
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fiksi Penggemarသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023