Part 24

2.4K 237 6
                                    

အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်​​လိုက်ပေါင်းပြီး ​နောက်​ဆုံးမှာ ပင်​မဇာတ်​လမ်းကို ​ရောက်​​တော့မှာလား။ မူရင်းဇာတ်ကွက်တွင် အမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်များသည် ပုံမှန်အားဖြင့် ယခုချိန်၌ တစ်ဦးနှင့်တစ်ဦးချစ်ကြိုက်နေကြပြီဖြစ်သော်လည်း သူမ သတိမထားမိခဲ့ပေ ။

အပြင်ဘက် အခြေအနေကိုကြည့်ရုံဖြင့် မမျှော်လင့်ဘဲ သူတို့နှစ်ဦး သီးသန့်ချိန်းတွေ့ခဲ့တာ ကြာနေခဲ့ပုံရတယ် ။

သူတို့နှစ်ယောက်သည် လွမ်ချာချာ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေကြသည်။  ရှုထောင့်အရ သန့်စင်ခန်းထဲ ပုန်းနေသော လွမ်ချာချာကို မမြင်နိုင်တာကြောင့် သူမ ခိုးနားထောင်ဖို့အတွက် လုံးဝ လုံခြုံပါတယ်။

လွမ်ချာချာသည် မကြာသေးမီကမှ ဆေးကြောပြီးထွက်လာခဲ့သဖြင့် သူမ၏ ပါးပြင်ပေါ်တွင် ကျန်နေသည့် ရေစက်လက်တစ်ဆုပ်စာကို သုတ်လိုက်သည် ။ သူမ၏ နှလုံးသားငယ်များ တဒုန်းဒုန်းခုန်ကာ စိတ်လှုပ်ရှားဖွယ် ကောင်းနေသည်...

"မိုဟန်၊ ကျွန်မ... ဒီဝတ်စုံကို မနက်ဖြန်ည ဟိုတယ်ရဲ့ အရှေ့ဘက်စားပွဲမှာ ထားခဲ့ရမှာလား... မနက်ဖြန် ညစာစားဖို့ ရှင့်ကို ကျွန်မဖိတ်ခေါ်ချင်တယ်" ရှန်းရှ၏ ချိုမြိန်သောအသံသည် လွမ်ချာချာ၏စိတ်ထဲတွင် ပွက်ပွက်ဆူနေသကဲ့သို့ပင် သူမ၏နားထဲသို့ တိုးဝင်လာသည်။

အမယ်လေး !!  ဟိုတယ်ဧည့်ခံပွဲ!!  ဒီလူနှစ်​​ယောက်​က.....၊ wow!  တောင်တွေနဲ့ နှင်းတွေကို မပြဘဲ သူတို့နှစ်ယောက်က ဒီအခြေအနေထိရောက်သွားကြပြီလား ။ တကယ့်ကို အံ့သြစရာကောင်းပါတယ်။

လွမ်ချာချာသည် ကမန်းကတန်း ခိုးနားထောင်ပြီး တုကူမိုဟန်က စကားပြောလာသည်။

"ဒါကို ဟိုတယ်ရှေ့ကောင်တာမှာ အပ်ထားလိုက်၊ လက်ထောက်ကို ယူခိုင်းလိုက်မယ်။"  တုကူမိုဟန်၏ အသံမှာ ဘာမှမထူးခြားသေးပေ ။

လွမ်ချာချာသည် ထိုအသံကိုကြားသောအခါ တုကူမိုဟန်ကို လူမိုက်တစ်ယောက်လို ခံစားခဲ့ရသည်။ သူက အရမ်းကို ဖြူစင်နေတယ်ပေါ့်လေ ။ အမျိုးသမီးဇာတ်လိုက်က တုကူမိုဟန်ရဲ့နှလုံးသားကို ဘယ်လိုဖမ်းစားနိုင်မလဲဆိုတာ ကြည့်ရမယ် ။

The Green Tea Female Partner With the Male Lead ( Complete )Where stories live. Discover now