J.S Company CEOPark Jay နှင့်
Yang GPရဲ့တစ်ဦးတည်းသောသား
Yang Jungwonတို့ရဲ့လက်ထက်ပွဲ
ဆိုတဲ့သီတင်းခေါင်းစဉ်နဲ့အတူ
တောင်ကိုရီးယားနိုင်ငံရဲ့Media
တစ်ခုလုံးအုတ်အုတ်သောင်းသောင်း
ဖြစ်သွားရသည်။
J.S Company နှင့် Yang GP သည်
တောင်ကိုရီးယားနိုင်ငံ၏ Top 1နှင့်2
နေရာကိုယူထားသည့်အပြင်J.S Companyသည်တောင်ကိုရီးယားနိုင်ငံ
တင်မကပြည်ပအထိပါအောင်မြင်
နေသော Companyတစ်ခုဖြစ်သည်မို့
စီးပွားရေးလောကတင်ပါမက အပြင်လူ
များကပါစိတ်ဝင်စားရသည့်သီတင်း
တစ်ပုဒ်ဖြစ်သွားခဲ့ရသည်။
လူအများကတော့ရွှေရွှေချင်းထပ်ကြ
သည့်ထို့လူနှစ်ဦးအပေါ်စိတ်ဝင်စား
အားကျနေခဲ့ပေမဲ့ ကာယံကံရှင်နှစ်ဦး
မှာတော့ထို့သို့ဟုတ်မနေခဲ့ပါ။" ခွမ်း! "
ဖန်ကွဲစတွေနဲ့အတူကျယ်လောင်စွာ
ထွက်ပေါ်လာသောကျကွဲသံကခမ်းနား
လှတဲ့အိမ်ကြီးတစ်အိမ်ထံမှထွက်ပေါ်
လာခဲ့ရသည် အိမ်အကူများနှင့်အလုပ်
သမားများမှာလည်း သူတို့သခင်လေး
ရဲ့ဒေါသကိုသိသည်မို့အသံပင်မထွက်ရဲ
ကြပါ။" တောက်စ်! ငါမင်းကိုဒီအတောအတွင်း
clubမတက်သေးနဲ့လို့ပြောထားတယ်မှတ်လား "" သွားတော့ရော ဘာဖြစ်လို့လဲကျွန်တော့်သဘောနဲ့ကျွန်တော်သွားတာ
ခင်ဗျားနဲ့ဘာဆိုင်လို့လဲ! "" အေး! ဘာမှမဆိုင်ပေမဲ့စာချုပ်အရ
တော့မင်းကငါ့ရဲ့တရားဝင်ယောက်ကျားပဲ ပြီးတော့မင်းရဲ့မျက်နှာကိုတစ်နိုင်ငံလုံးကသိတယ်ဆိုတာမမေ့နဲ့ဦးmediaကသာမိသွားရင်အကုန်ပြဿနာတက်ကုန်မှာမင်းမသိဘူးလား"" အဲ့တာ ခင်ဗျားတို့ကိစ္စလေကျွန်တော်
နဲ့ဆိုင်လို့လား ခင်ဗျားတို့စီးပွားရေးကိစ္စ
တွေထဲကျွန်တော်ကသာကြားညှက်နေ
ရတာလေ ဘယ်သူကရောခင်ဗျားလို
လူမျိုးနဲ့ယူချင်နေလို့လဲ !! "" ဟာကွာ မင်း!! "
အိမ်ကြီးရှင်သခင်လေးသည်တောက်စ်
တစ်ချက်ခေါက်ကာ Yangကောင်လေး
၏မျက်နှာကိုတစ်ချက်မျှပင်မကြည့်ပဲ
လှည့်ထွက်သွားခဲ့သည်။Jungwonသည်စိတ်ဆိုးဒေါသထွက်ကာ
ဝမ်းနည်းမှုတွေပါရောပွန်းလျက် အခန်း
တံခါးကိုပိတ်ကာခုတင်ပေါ်မှာထိုင်လျက်မျက်ရည်ကျနေမိပါသည်
သူ့ဘဝမှာပိုက်ဆံပေါသောမိဘများကို
ပိုင်ဆိုင်ခဲ့ရသော်လည်း အချစ်နွေးထွေး
မှုကိုပင်တစ်ခါမှမရရှိခဲ့ရပါ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်ရောက်လာခဲ့သည့်
အချိန်မှာပိုက်ဆံကိုသာနံပါတ်တစ်
ဦးစားပေးသည့်မိဘများကြောင့်သူ့ဆန္ဒ
မပါဝင်ပါပဲစီးပွားရေးလောကရဲ့ထိတ်တန်းဖြစ်တဲ့J.S Companyရဲ့CEO
Park Jayဆိုသူနှင့်လက်ထက်ခဲ့ရပါသည်သေချာတာတစ်ခုကတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာအချစ်မပါဝင်တဲ့အပြင်Jungwonသည်ထိုလူကို
မုန်းပါသည်။
တည်ကြည်တဲ့မျက်နှာ ချောမောခန့်ညားတဲ့ရုပ်ရည်နှင့်Park Jayသည်
Jungwonအတွက်တော့အလွန်မုန်းဖို့
ကောင်းသောမကောင်းဆိုးဝါးတစ်
ကောင်လိုပင် ။