ချမ်းဆောင်းဟန် ဘဝမှာ ဘယ်တုန်းကမှ ဘယ်မိန်းကလေးနဲ့မှ ပတ်သက်ပြီး တစ်ခါမှ အခုလို ခဏ ခဏ စိတ်မထလာခဲ့ဖူးဘူး။
ဒီတစ်ယောက်နဲ့ကျမှ အထူးသဖြင့် ထန်ထန် နဲ့ကျမှ သူအကြိမ်ကြိမ် တဏှာစိတ်တွေက ဝင်ရောက် နှောင့်ယှက်လာသည်။သူ့ကိုယ်သူလဲ တကယ် အံ့သြမိသည်။
ထန်ထန့်ရဲ့ အဝတ်မပါတဲ့ နောက်ကျောပြင်ကိုမြင်ထဲကိုက ထန်ထန်က အမြဲတမ်း ဖင်အတုကြီး တပ်ထားမှန်းရိပ်မိလိုက်ပေမဲ့ အရမ်းမကြီးတဲ့ အဲဒီတင်သားဖြူဖြူလေးကအစ သူ့ရဲ့ အိပ်ပျော်နေတဲ့ တဏှာစိတ်တွေကို နှိုးဆွနေသည်။
ထန်ထန့်ကို ခေါင်းအစ ခြေအဆုံး အကုန်ကြိုက်သည်။
ထန်ထန့်ရဲ့ တင်ပါးဖုံးတဲ့ ဆံပင် အဖြူရောင်ကြီးကိုလဲ ကြိုက်သည်။
ထန်ထန့်ရဲ့ နဖူးပြင်ပြေပြလေးကစလို့ နှာခေါင်းချွန်ချွန်၊ မိုးပြာရင့်ရောင် မျက်ဆံလေး နဲ့ မျက်တောင် စိပ်စိပ် ရှည်ရှည်လေးတွေကိုလဲ မြတ်နိုးရသည်။
စကားလေးပြောရုံနဲ့တင်ပေါ်လာတတ်တဲ့ ပါးချိုင့်ပေါက်ကလေးတွေက ပြုံးလိုက်တဲ့ အချိန်တွေဆို ခွက်ဝင်သွားတာ ချစ်စရာကောင်းလွန်းလို့ သူတစ်ယောက်တည်း မြင်ရအောင်သာ ဖွက်ထားချင်သည်။
မိန်းကလေးဖြစ်ပြီး သူ့အရပ် ၆ပေ၂ ထက်တောင် ၁လက်မဝန်းကျင်လောက်ပိုရှည်နေတဲ့ အရပ်ကလေးကိုလဲ သဘောကျသည်။
လည်ပင်းက လည်စိ ချွန်ချွန်သေးသေးလေးက အစ မြတ်နိုးချင်စရာလေး။
ထန်ထန့်ရဲ့ လက်သွယ်သွယ်လေးတွေ၊ ခါးသေးသေးလေးတွေ၊ ပေါင်တံသွယ်သွယ်လေးတွေကအစ အသည်းယားစရာကောင်းလွန်းလို့ တစ်ကိုယ်လုံးကို ကိုက်ဆွဲချင်နေမိတာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးပဲ။
စိတ်အပြောင်းအလဲ နည်းနည်း ဖြစ်တာနဲ့ ဖြူလွန်းသူမို့ အသားအရည်လေးတွေ ရဲတက်သွားတာလေးကအစ ပြစ်မှားချင်စရာကောင်းလောက်အောင်ကို လှရက်လွန်းသည်။
ချမ်းဆောင်းဟန် ပွေ့ချီလိုက်တာနဲ့ ငှက်မွှေးလေးလို ပေါ့ပါးစွာ ပါလာတဲ့ ကလေးလေးက Position မျိုးစုံနဲ့ ကစားချင်လောက်အောင်ကို ဆွဲဆောင်မှုရှိလွန်းသည်။
ESTÁS LEYENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...