The Lengend of the blue seaအပိုင်း(90) မေတ္တာများစွာဖြင့်
အခန်းထဲ ထပ်မံတိတ်ဆိတ်သွားပြန်တယ်
အဲ့အချိန်မှာပဲ ရိနာနာရဲ့ကွဲအက်အက်အသံထွက်ပေါ်လာလေတော့တယ်
"အကုန်လုံးးးးးးးးပြေးးးးးးးးး "
သူမ ပြောပြီးတာနဲ့ အသိစိတ်လွတ်သွားတော့တယ်
သူမလေ့ကျင့်မူ့ကဆယ်နှစ်ကျော်ကြာပြီးနောက် ပိုအားကောင်းလာတယ်
သူမကိုယ်ထဲမှာရှိနေတဲ့အချစ်နတ်ဘုရားမကလဲ ပိုပြီးအားကောင်းလာတယ် နဂိုတောင်အရမ်းဖျက်ဆီးနိုင်တာကို အခုလိုပြန်ထွက်ပေါ်လာရတဲ့အခါမှာ အောက်ဘုံတခုလုံးကိုဖျက်ဆီးပစ်မှာသေခ်ာတယ်
ဒီအကြောင်းအရာကိုမကြုံဖူးတဲ့သူတွေကတော့သိမှာမဟုတ်ဘူး
ဒါကြောင့်ပဲ သူမကပြေးလို့ပြောလိုက်တာနဲ့ အားလုံးကကြောင်သွားကြတယ် ရီနာနာဆီက အဖျက်စွမ်းအားကိုတွေ့လိုက်တော့မှ အကုန်လုံးပြေးဖို့သတိရတော့တာပဲ
ရီနာနာ မျက်လုံးအရောင်အနိီရောင်အဖြစ်ပြောင်းသွားပြီး ဆံနွယ်တို့လဲချောကလက်ညိုရောင်အဖြစ်ပြောင်းသွားတယ် သူမဖုံးကွယ်ထားတဲ့အချစ်နတ်ဘုရားမရဲ့အသွင်အပြင်အားလုံးပြန်လည်ထွက်ပေါ်လာတော့တယ်
သူမလက်ဆန့်လိုက်တာနဲ့ လက်နက်ဝိဉာဉ်ဖြစ်လာတဲ့ဟုန်ဟုန်လဲ တိုင်တန်ခရင်းခွအဖြစ်ပြောင်းသွားပြီး ရီနာနာလက်ထဲရောက်လာခဲ့တယ်
လီယူရီနဲ့လီယူလျန်းက ဝိုလျန်းကို အလယ်မှာထားကာ ထွက်ခွာဖို့လုပ်နေပေမဲ့ ဝိုလျန်းကပြောင်းလဲသွားတဲ့ရီနာနာရဲ့အသွင်ကိုမြင်လိုက်ရတယ်
"ရီအာ ! အဲ့ဒါရီအာပဲ ကို ကြည့်ဦး လျန်းလျန်းမင်းရဲ့ညီမကိုကြည့်လိုက်ဦး မဟုတ်ဘူး ရီအာကိုတစ်ယောက်ထဲထားခဲ့လို့မရဘူး "
လီယူရီနဲ့လီယူလျနး်ရဲ့လက်ကိုလွှတ်လိုက်ကာ ဝိုလျနး်က ရီနာနာနားပြန်ပြေးသွားခဲ့တယ်
အားလုံးက ခန်းမရဲ့အပြင်ကိုရောက်သွားပြီဖြစ်ပြီးတော့ ဝိုလျန်းတို့မိသားစုတွေပဲကျန်ခဲ့ေတာ့တယ်
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...