တစ်ပတ်...အချိန်အားဖြင့် တစ်ပတ်ပြည့်ခဲ့ပြီဖြစ်သည်။ အခန်းထဲရောက်ရောက်ချင်းပင် နေ့စဥ်မွှေးကြူနေကျနဖူးပြင်လေးကို သူအနမ်းပေးလိုက်သည်။ ဆုတောင်းတွေကိုမယုံသည့်သူလည်း ယခုတစ်ကြိမ်တွင် ပြည့်လိုပြည့်ငြား 'နိုးထလာပါတော့'ဟု အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ မမြင်နိုင်သည့်အရာများသည် တစ်ခါတလေတွင်စွမ်းအားသိပ်ကြီးတတ်၏။ ဖြတ်သန်းလာခဲ့သည့်ဘဝလမ်းတစ်လျှောက်...တစ်စုံတစ်ယောက်ကို မြတ်နိုးတွယ်တာမိရန် အလေးအနက်ပင်မစဥ်းစားခဲ့ဖူး....တွယ်ငြိပြန်ခဲ့တော့လည်း ချစ်ရသူက ကမ္ဘာခြား~ချစ်ခရီးလမ်းကဖြောင့်ဖြူးသလားဆိုတော့လည်း လှိုင်းတံပိုးလိုဘောင်ဘင်ခတ်ခတ်။
"ဂျင်~"
"နိုးထလာခဲ့ရင် ကိုယ့်ကိုနာကျည်းကောင်းနာကျည်းလိမ့်မယ်။ မုန်းကောင်းမုန်းလိမ့်မယ်။ ဒါပေမယ့် မင်းသိလား ကိုယ်ကစစ်ပွဲတစ်ပွဲကို ဇွဲကောင်းကောင်းနဲ့တိုက်နိုင်တဲ့စစ်သူကြီးလေ...သေကြေပျက်စီးခြင်းတွေနှောင်ဖွဲ့ထားတာတောင် ကိုယ်နောက်မဆုတ်တမ်းတိုက်ခဲ့တာ။ဒါကြောင့် မင်းနဲ့အရင်လိုပြန်ဖြစ်ဖို့ ကြိုးစားနေမှာ...မဟုတ်ရင်တောင် မင်းကကိုယ်ရဲ့နေ့တွေကိုပိုင်ဆိုင်ထားပြီလေ။
"မင်းနိုးလာရင်လေ...မပြောပြဖြစ်ခဲ့တာတွေပြောပြမယ်။ လွဲမှားခဲ့သမျှအထင်တွေကို ရှင်းပြမယ်။ ပစ်ပစ်ခါခါမုန်းမုန်း၊ နှစ်နှစ်ကာကာ နာကျည်းကျည်း ဒီကမ္ဘာမှာ ကိုယ်ကြည့်နေရမယ့်မျက်နှာက မင်းတစ်မျက်နှာတည်းမို့ မင်းရှိနေဖို့ပဲ လိုအပ်တာပါ"
ရင်တွင်းစကားများဆိုပြီး တစိမ့်စိမ့်ကြည့်မိနေသည့် မျက်နှာနုနုတွင်အသေးစားလှုပ်ရှားမှုများကို ပြုလုပ်လာကြသည့်မျက်တောင်စိပ်များကိုမြင်ပြီးတစ်ခဏ
"တီ တီ တီ တီ တီ"
"ဂျင်"
တတီတီအသံများက အခန်းတွင်းညံလာသလို ဆော့ဂျင်ခန္ဓာကိုယ်က တုန်လှုပ်လာသည်။ ထိုအခါ အခန်းပြင်မှ Alarmပေးမှုကြောင့်အပြေးရောက်လာသည့် ယွန်းဂီနှင့်ထယ်ယောင်းသည် ပြာပြာသလဲပင်။
"ဂျင်...ဆော့ဂျင်"
"ထယ်ယောင်း! စမ်းသပ်ကြည့်"
YOU ARE READING
From 14th century to 21st century
Fanfictionသမိုင်းမတွင်လျှင် မတွင်ပါစေ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေ ကိုယ့်အတ္တသည် သူ့ဖြစ်တည်မှုမှာ ကိုယ့်တည်ရှိမှုကို မမေ့ပျောက်စေချင်ရုံလေး~~~