Unicode ver....
20. ကျွန်တော် ရှောင်းနဲ့ပဲ နေချင်တာ
"သခင် သခင် သတိရလာပြီလား ဘယ်လိုနေသေးလဲ ဘယ်နားနေမကောင်းလဲဟင် သခင်"
"မသွားပါနဲ့"
"ဗျာ"
"ကျွန်တော်နဲ့ပဲနေ"
သူ့လက်ကို ဖွဖွလေး လှမ်းဆွဲထားတဲ့ ချစ်ရသူကြောင့် ရှောင်း ဝမ်းသာအားရနဲ့ သူ့သခင်နား ပြေးကပ်သွားပေမဲ့ ဝမ်ရဲ့ နှုတ်ထွက်စကားကြောင့် ရှောင်းမျက်လုံး ပြူးသွားရလေသည်။
"သခင္ မဟုတ်သေးဘူးလေ ကျွန်တော် သွားမှ သခင့်အတွက် ဆေးရှိမှာပေါ့ဗျာ"
ရှောင်းက ချော့မြူသလို ဆိုလေတော့ ခေါင်းကို ခါပြီး အတင်းထလာတဲ့ သူကြောင့် ရှောင်း သူ့သခင် နောက်ကျောဘက်မှာ ဝင်ထိုင်ပြီး သူ့သခင်ကို ရင်ခွင်ထဲ မှီထားစေလိုက်လေသည်။
"ကျွန်တော်က ရှောင်းနဲ့ပဲ နေချင်တာ ရှောင်းဘယ်ပဲ သွား သွား လိုက်ပါရစေနော်"
ဖျော့တော့တော့ မျက်ဝန်းလေးရယ် ခပ်တိုးတိုးနှုတ်ထွက်စကားလေးရယ်ကြောင့် ရှောင်းတစ်ယောက် သူ့သခင်ကို ချော့မြူဖို့ လမ်းပျောက်ရလေသည်။
အစကနေ အခုထိ ဒီလူသားရဲ့ စကားကို မလွန်ဆန်နိုင်တာကလည်း သူ့အတွက် အရမ်းကို ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ဖြတ်နေရသလို ခံစားနေရလေသည်။
"သခင် ကျွန်တော်က သခင့်ဆီမြန်မြန်ပြန်လာမယ်လေ အဲ ဒီအတွင်း သခင် နတ်သမားတော်ဆီမှာ အရင်ဆေးကုသမှုခံယူလိုက်ပါနော်"
"ကျွန်တော်မှ ရှောင်းနဲ့ မခွဲချင်တာ"
သူ့ရင်ခွင်ထဲ မှီလို့ တတွတ်တွတ် ပြောနေတဲ့ စကားလေးက သူနဲ့ မခွဲချင်တဲ့အကြောင်းသာ ဖြစ်နေလို့ ရှောင်းတစ်ယောက် စိတ်တွေ ယောက်ယက်ခတ်ကုန်လေတော့သည်။
"ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ သခင်ရယ်"
ရှောင်းရဲ့ ခါးမှ ရစ်တွယ်ထားတဲ့ သခင်ငယ်ရဲ့ လက်ဟာ တင်းသွားတယ်။ ရှောင်းရင်ခွင်ထဲ ရောက်နေတဲ့ ကိုယ်လုံးလေးဟာ ပို၍တိုးဝင်လာသလို ခံစားရတဲ့ အခိုက်အတန့်လေးမှာ ခပ်တိုးတိုး ထပ်ထွက်လာတဲ့ ခွင့်ပြုချက်မဆိုသာတဲ့ ခွင့်ပြုချက်လေးတစ်ခွန်း~~~
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...