Story 4

2.5K 128 4
                                    

Unicode
................

ဒီနှစ်ရက်အတွင်း မင်းစစ်ရဲ့သတင်းတွေဟာ ကမ္ဘာအနှံ့ပျံ့နှံ့သွားပီး မီဒီယာတွေကလည်း သူ့ထက်ငါအပြိုင်အဆိုင် သတင်းလိုချင်နေကြသည်။ သတင်းတွေက တားဆီးခဲ့သော်လည်း ပျံ့သင့်သလောက်ပျံ့နေခဲ့တာကြောင့်ပင်။

ထိုကိစ္စနဲ့ ပတ်သတ်ပီး ဖခင် ဦးမာန်ထည်ဝါဖြင့်လည်း စကားများဖြစ်ကြသေးသည်။ ဦးမာန်ထည်ဝါက သူ့ကိုလရောင်ချိုဖြင့် လက်ထပ်စေချင်နေပီး သူကတော့ငြင်းဆန်နေဆဲပင်။ မင်းစစ် မသိစိတ်ထဲတွင် သူ့ရဲ့စပျစ်သီးလေးက လရောင်ချိုမဖြစ်နိုင်ဟု အတင်းငြင်းနေသောကြောင့်ပင်။

ဒါကို ဦးမာန်ထည်ဝါက သဘောမကျပဲ လရောင်ချိုအိမ်သို့ ကိုယ်တိုင်ကိုယ်ကျသွားပီး တောင်းပန်စကားနဲ့ မင်္ဂလာစကားတွေတောင် လွန်ကျူးစွာသွားပြောထားသေးသည်။ မင်းစစ် လရောင်ချိုကို မည်သို့သောအကြောင်းပြချက်နှင့်မျှ လက်မထပ်လိုပါ။

လရောင်ချိုက ဖြူစင်သော်လည်း သူထိုသို့သော ဖြူစင်မှုမျိုးကို မကြိုက်နှစ်သက်ပါ။ သူ့မျက်လုံးထဲမှာတော့ လရောင်ချိုက ကန့်လန့်လိုမျိုးဖြစ်နေသည်။ သူ့ရဲ့မျက်ဝန်းပြာလေးတွေကို ကြိုက်နှစ်သက်သော်လည်း လူကိုတော့ ခါးသီးစွာငြင်းဆန်နေမိသည်။

သူတို့မျိုးရိုးက သွေးသန့်မျိုးရိုးဖြစ်တာမို့ လရောင်ချိုက သာမာန်အိုမီဂါပင်။ ထိုကိစ္စနှင့်ပတ်သတ်ပီး ဦးမာန်ထည်ဝါက နားလည်ပေးသော်လည်း သူ့ရဲ့တစ်ဦးတည်းသော အဘွားဖြစ်သူ ဒေါ်နန်းသူဇာကတော့ လုံးဝသဘောမကျပင်။ ​ရှေးအစဥ်အလာကို မပြတ်စေချင်၍ သူ့ရဲ့တစ်ဦးတည်းသော မြေးဖြစ်သူကိုလည်း Dominant အိုမီဂါဖြင့်သာ လက်ထပ်ပေးစေချင်သည်။

မြေးဖြစ်သူကမွေးဖွားလာမည့် မြစ်ကလေးတွေသည်လည်း သွေးသန့် Dominant လေးတွေပဲ ဖြစ်စေချင်သည်မှာ သူမရဲ့ သေးငယ်လှသည့်အတ္တလေးပင်။ မင်းစစ် ကတော့ သူ့ရဲ့မိတ်ဖက်ဖြစ်လာမဲ့သူက Dominant ဖြစ်ခြင်းမဖြစ်ခြင်းကို သိပ်အလေးမထားပေမဲ့ လရောင်ချိုကိုလက်မထပ်ချင်တာမို့ အဘွားဘက်ကနေ ဝင်ထောက်ခံ ပေးလိုက်ရသည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now