{ 15 }Uni

17K 1K 190
                                    

"ကလေး"

"ဘိုးဘိုးကြီးကလဲဗျာ သားအိပ်ချင်နေသေးတယ်"

"ဟမ် ထန်ထန့် အသံက ယောက်ျားအသံကြီး!!!!!!"

ချမ်းဆောင်းဟန် သူသေချာကြားလိုက်သည့် ဒီအသံက လုံးဝကို ယောက်ျားလေး အသံစစ်စစ်ကြီး။

ထန်ထန့်ရဲ့ မျက်နှာကို ကြည့်လိုက်ပြန်တော့လဲ အေးချမ်းစွာ အိပ်နေဆဲပဲ။

"ထန်ထန်"

မင်းသခင်ခက်ထန် သူစကားမှားသွားတာ သိတာကြောင့် ဆက်ပြီးမအိပ်တော့ဘဲ မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ ချမ်းဆောင်းဟန် ကို ကြည့်လိုက်တဲ့အခါ...

"နိုးပြီလား ကလေး"

"ဘယ်သူ့ကို ခေါ်တာလဲ "

"ကလေးကို ခေါ်တာလေ "

"အသက်ကလေး ၆ နှစ်တိတိပဲ ကွာတာကို ဘာကလေးလဲ "

"ဟမ်"

ချမ်းဆောင်းဟန် စိတ်ထဲ အရမ်းသိနေတဲ့ ထန်ထန့်ကို သံသယဝင်ချင်လာပေမယ့် ဆက်ပြောတဲ့ စကားကြောင့် သံသယ မဝင်ရက်။

"အဲ့နေ့က ထန်ထန် နဲ့ ကိုကို  စ တွေ့တဲ့ နေ့က ထန်ထန့် အသက် ၁၇ ပြည့်တဲ့နေ့လေ "

"သြော် "

မင်းသခင်ခက်ထန် ဆက်ပြီးအိပ်ချင်နေသေးတာကြောင့် ချမ်းဆောင်းဟန် ကို သူ့ဘေးနားမှာ လာလှဲအိပ်ခိုင်းကာ ချမ်းဆောင်းဟန်ရဲ့ လက်မောင်းတစ်ဖက်ကို ခေါင်းအုံး၍...

"ကိုကို့ လက်မောင်းပေါ်မှာ အိပ်ချင်တယ်"

"အိပ်ရေးမဝဘူးလား"

"ဟင့်အင်း ...ဝ ဘူး"

"ဗိုက်ရော ဆာနေပြီလား"

"ဟင့်အင်း ... ဆာဘူး"

"ကလေးလေးကတော့ကွာ"

"ကိုကိုကလဲ ၆ နှစ်အတိပဲကွာတာပါဆို ကလေးလို့ မခေါ်ပါနဲ့ အသည်းယားလို့ "

"အဲ့ဒါဆို ကိုယ်က အသဲတုံး ပူတူတူလေး၊ ကလေးပိစိလေး ဆိုပြီး ခေါ်ရမှာလား"

"ဟာ ကိုကိုနော် "

"အင်းပါ.... အိပ်ချင်တယ်ဆိုလဲ ဆက်အိပ်နော်... ပြွတ်!"

Min Tha Khin Khat Htan  {S-2} {Completed}Wo Geschichten leben. Entdecke jetzt