.Unicode
.
"နေ့လယ်ကန်တင်းအတူသွားမယ်ဆိုတာကိုဘယ်
ပျောက်သွားတာလဲ...အလုပ်ချိန်လည်းမဟုတ်ဘူး.အိမ်လည်းမရောက်လာဘူး..ဘယ်ကိုရောက်နေတာဖြစ်မလဲ..ဧကန္တKingတို့အဖွဲ့ခေါ်သွားတာလား..."ဂျီမင်ငှားနေတဲ့အိမ်သေးသေးလေးရှေ့တွင်ဟိုဆော့တယောက်ဗျများနေသည်။ဟန်ဂျောင်အင်ရှေ့မှာသာဂျီမင့်ကိုအနားခေါ်တတ်တာကိုသာသိထားတာမို့..ကျောင်းတွင်ဟန်ဂျောင်အင်ကရှိနေပြီးဂျီမင့်ကိုခေါ်ထုတ်သွားတဲ့အတွက်စိတ်ပူရသည်။ကောင်းတဲ့သူတွေလို့လည်းဆိုလို့မရသလို..လုံးဝမကောင်းတဲ့သူတွေလို့လည်းဆိုလို့မရ..တဖွဲ့လုံးကစိတ်ထထဖောက်ရင်မလွယ်လှတာကြောင့်သူ့သူငယ်ချင်းရိုးရိုးအအလေးကိုအုပ်စုလိုက်ပေါင်းပြီးအနိုင်ကျင့်နေမလား...။ဟန်ဂျောင်အင်ကိုKingရဲ့အရွဲ့တိုက်ပြနေခြင်းသည်မမြင်ချင်လည်းလူတွေရှိတဲ့နေရာတွေကိုတမင်သွားနေလို့မျက်စိရှေ့ရောက်ရောက်လာသည်။ရည်းစားလည်းမထားဖူး.အချစ်ကချိုသလားခါးသလားမသိတဲ့မှန်ကြောင်လေးကိုထိချင်တဲ့နေရာထိ.ကိုင်ချင်တဲ့နေရာကိုင်ပြီး.ကဲပြနေတာမြင်ရတိုင်းဒေါသကအလိပ်လိုက်ထွက်သည်။ဂျီမင်ကKingအကျီဖိုးနဲ့ညီတဲ့အလုပ်လုပ်ခိုင်းနေတယ်ကလွဲပြီးဘာမှမသိရှာ...။လက်ညိုးလေးကွေးပြီးတချက်ခေါ်လိုက်ရင်အတန်းလိုက်ကြီးပါလာမဲ့သူတွေအများကြီးရှိပါလျက်နဲ့.seoulမြို့ကလမ်းတွေပင်နှံ့စပ်အောင်မသိသေးတဲ့ဂျီမင့်ကိုသူ့ရည်းစားမဖြစ်ဖြစ်အောင်အကျပ်ကိုင်သွားကတည်းကအားလုံးကိုကြိုသိနေသည်..။သူတို့ရဲ့အရှုပ်တွေကြားသူ့သူငယ်ချင်းလေး
ကိုဓားစာခံမဖြစ်စေချင်ဘူး။အိမ်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးဖုန်းဆက်ကြည့်သော်လည်းကိုင်မလာတော့စိုးရိမ်မှုကနှစ်ဆတက်လာပြီ....။ဂျီမင်ဟာလည်းသူ့စကားဆိုဘယ်တော့မှနားမထောင်...။ဒါလည်းဂျီမင့်ကိုအပြစ်ပြောလို့မှမရတာ...ပုံမှန်ဆိုရင်တောင်ပစ္စည်းတွေလိမ်ရောင်းခံလိုက်ရ.လမ်းပျောက်လိုက်နဲ့ခဏခဏဖြစ်တတ်တဲ့သူကKingလိုမာနမိုးထိုးနေသူနဲ့သွားတွေ့တော့Kingကအပေါ်စီးကနေပဲဆက်ဆံမှာအမှန်တရားဖြစ်နေတော့သူလည်းမတတ်နိုင်တော့ချေ။
ESTÁS LEYENDO
Fake Boyfriend👨❤️👨
Romanceမာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin