အပိုင်း(93)uni&zgi

460 22 0
                                    

Moe yanant thin 080:
The Lengend of the blue sea

အပိုင်း(93) စီမာချင်းဖန်းရဲ့ကြွေလွင့်မူ့

သူမ အကြည့်ကိုလွှဲလိုက်ကာ စီမာချင်းဖန်းကိုဆွဲပြီးထွက်သွားဖို့လုပ်လိုက်တယ်

သူမတလှမ်းနှစ်လှမး်ပဲရှိသေးတယ်

"ရီရီ ! "

ရီနာနာလှည့်ကြည့်လိုက်တယ် သူမမျက်ဝန်းထဲကအမုန်းတရား‌ေတွအပြည့်ဖြစ်နေတာကိုများ သူမြင်လိုက်လား သူမသူ့ကိုအစိမ်းလိုက်ဆွဲဖြဲချင်နေတယ်ဆိုတာသူသိရင်သိပ်ကောင်းမှာပဲ

"ကိုယ့်ရဲ့နောက်ဆုံးကျန်တဲ့အသိစိတ်ကိုလာသိမ်းတာ "

"အဲ့ဒါဘာဖြစ်လဲ ? ရှင်ဘာပြောချင်နေတာလဲ ?"

"အဲ့ဒါက စီမာချင်းဖန်းပဲ "

"ဘာ ! ဘာပြောတာလဲ?"

"ကိုယ့်ရဲ့နောက်ဆုံးအသိစိတ်ကို စီမာချင်းဖန်းထဲမှာထည့်ထားတာ "

"အဲ့ဒါဘာပြောချင်တာလဲ ရှင်းရှင်းလင်းလင်းမပြောဘူးဆိုရင် မပြောတော့နဲ့ "

"နာနာ ကိုယ်‌ဘာပြောချင်လဲ မင်းသိပါတယ်"

ရီနာနာ ခေါင်းခါရမ်းလိုက်တယ်

သူမ ဆက်မကြားချင်တော့ဘူး

စီမာချင်းဖန်းကိုသာဆွဲပြီးထွက်လာလိုက်တယ်

ဒါပေမဲ့လဲ သူမ လမ်းကိုပိတ်ရပ်လာသူက လျှပ်တပြက်အမြန်နှုန်းနဲ့စီမာချင်းဖန်းခေါင်းကိုအုပ်ကိုင်လိုက်တယ်

အဲ့ခနဟာ မြန်ဆန်လွန်းလို့ ရီနာနာလုံးဝမမှီလိုက်ဘူး

ခေါင်းကိုအုပ်ကိုင်ခံလိုက်နဲ့စီမာချင်းဖန်းလဲ ဘာမှမသိပဲ ပလုတ်ခနဲပြုတ်ကျသွားတော့တယ်

"..........."

ရီနာနာအထိတ်တလန့်နဲ့‌ စီမာချင်းဖန်းကိုထူဖို့လုပ်လိုက်ပေမဲ့ မထင်ထားစွာ စီမာချင်းဖန်းရဲ့ကိုယ်က အနွေးဓာတ်က ခပ်မြန်မြန်ပဲ လျော့ကျလာကာအေးစက်လာလေတယ်

သူမ အလန့်တကြားနဲ့ သူ့ကိုကြည့်လိုက်တော့ ရုန်းကန်နေတဲ့အသိစိတ်လေးကိုပါးစပ်ထဲထည့်ကာဝါးမျိုလိုက်တာကိုပဲမြင်လိုက်ရဝော့ာတယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now