ဇာတ်သိမ်းပိုင်း

4.4K 235 11
                                    


ပျားပန်းခတ်နေတဲ့လူအုပ်ကြားထဲ jeonသည်လည်း luggageအိတ်တလုံးကိုဆွဲကာ ခရီးနှင်ဖို့ လေယာဉ်ပေါ်ကိုတက်လာခဲ့သည်။တစ်စုံတစ်ယောက်ဆီကို သွားရမှာဖြင့်လို့နှုတ်ခမ်းပါးလေးထက်မှာ အပြုံးတွေဝေဆာနေသည်။

မကြာပါ ကောင်းကင်ယံထက်ကိုလေ‌ယာဉ်လေးက ပျံသန်းသွားတော့သည်။တိမ်ဆိုင်တွေကြားထဲ ကနေခရီးသွားရတာ အရမ်းကိုပျော်ဖို့ကောင်းတယ်။နှစ်တွေအကြာကြီးနေမှ ပထမဆုံးအကြိမ်ခရီးပြန်ထွက်ရတော့ ပိုပြီးလည်းစိတ်လှုပ်ရှားနေသည်။

သူ့အသက်၃၅ကိုစွန်းနေခဲ့ပြီ။ဒါပေမယ့်လည်း ခန့်ညားနေတုန်းပါဘဲ။မျက်လုံးဝိုင်းဝိုင်းလေးနဲ့နှုတ်ခမ်းပါးပါးလေးက နှစ်လိုဖွယ်ကောင်းနေဆဲ။

တပ်နေကျစာကြည့်မျက်မှန်လေးက အခုတော့လေးထောင့်ဆန်ဆန်ပုံစံလေး ။‌ေနာက်ပြီးနှုတ်ခမ်းမွှေးရေးရေးလေးလည်းရှိနေပြန်တယ်။suitအပြည့်နဲ့ ထိုင်ခုံပေါ်မှာခြေချိတ်ထိုင်နေတဲ့jeonကို ခရီးသွားအမျိုးသမီးတွေကသမင်လည်ပြန်ငေးနေကြတယ်။ဒါပေမယ့် jeonက jeonဘဲမို့ အရင်လိုဘဲ ခပ်ချေချေပုံစံနဲ့ ဘယ်သူ့ကိုမှဂရုမစိုက်စွာ အကြည့်တွေကို laptop ပေါ်မှာဘဲကျောက်ချထားလိုက်သည်။

နှစ်အားဖြင့်၅နှစ်ကျော်လောက်ရှိပြီထင်တယ်။အချိန်တွေ မနည်းတော့ဘူးလို့ဆိုရမလား။ဒါမှမဟုတ် နောင်တတွေနဲ့ကျန်ခဲ့တဲ့ jeonကိုပြေးမြင်ရမလား။

⏪ ပြင်းထန်စွာ accidentဖြစ်သွားတဲ့ကောင်လေးကိုအရေးပေါ် အချိန်မှီလေးဘဲဆေးရုံရောက်သွားခဲ့တယ်။အရေးပေါ်ခွဲစိတ်ခန်းလေးထဲကိုကောင်လေးကို ခေါ်သွားတော့ jeonတယောက် အရူးတယောက်လို ငိုကြွေးနေခဲ့သည်။အချိန်တွေကိုရေတွက်ရင်း နာရီတွေကိုကျော်လွန်လာခဲ့တော့ ခွဲစိတ်မှုအောင်မြင်စွာနဲ့ ကောင်လေးက အရေးပေါ်ခန်းထဲက ပြန်ထွက်လာခဲ့သည်။ဒါပေမယ့် ဦးခေါင်းကိုထိတာများသွားတော့ သွေးယိုစိမ့်မှုဖြစ်ပြီး အသက်အန္တရာယ်ကင်းအောင် လုပ်ဆောင်ရသေးသည်။အဲဒီနေ့က သူ့အတွက်တော့ ငရဲပါဘဲ။ပူလောင်လွန်းတဲ့ ရင်ထဲကမီးက တဟုန်းဟုန်းတောက်လောင်နေခဲ့တာ။

စက်‌ကရိယာ‌ေတွနဲ့ဆေး‌ပိုက်အများကြီးကလည်းရှုပ်နေအောင် ကောင်လေးရဲ့ခန္ဓာကိုယ်မှာ‌ေနရာယူထားသည်။
ယူကြုံးမရတဲ့စိတ်နဲ့ သူလည်းဆေးရုံကနေခြေတလှမ်းမှ မခွာဘဲကောင်လေးရဲ့အနားမှာလဲ ပေကပ်နေခဲ့သည်။လက်ထပ်ပွဲလည်းပျက်သွားခဲ့သလို သူ့ကိုတိုက်ဖို့လုပ်တဲ့သူက Rainဆိုတာလည်းသိရသည်။အခုတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို Rainကခံယူနေသည်။တကယ် ကိုကြောက်စရာကောင်းတဲ့ အငြိုးတေးပါဘဲ။

Can take My Heart(Completed)Donde viven las historias. Descúbrelo ahora