အပိုင်း(94)uni&zgi

457 26 1
                                    


The Lengend of the blue sea

အပိုင်း(94)

"ဟုန်ဟုန် သမီး အမေ့နားသွားလိုက် အဖေမရှိချိန်မှာ ‌အမေ့ကိုသေချာဂရုစိုက်နော် "

"ဟုတ်ပါးပါး"

ဟုန်ဟုန် သူမနားရောက်လာတာနဲ့ ချက်ချင်း ‌အနောက်မ‌ှာဖွက်လိုက်ကာ

"ထွက်သွားစမ်း"

"ကောင်းပြီ ကိုယ်မင်းကို အထက်ဘုံမှာစောင့်မယ် ကိုယ်တို့ရဲ့ရန်ငြိုးအားလုံးကိုခြေပစ်ဖို့ မင်းကိုစောင့်နေမယ်နာနာ "

ပြောပြီးတာနဲ့ သူ့ကိုယ်ကမှိန်ဖျော့သွပြီး အလင်းစက်တွေအဖြစ် ကောင်းကင်ပေါ်တက်သွားတော့တယ်

အဲ့‌ေတာ့မှ ရီနာနာလဲ ငိုမိတော့တယ်

စီမာချင်းဖန်းရဲ့ကိုယ်ကလဲ ဘယ်အချိန်ထဲက ပျောက်ကွယ်သွားမှန်းမသိလိုက်ဘူး

သတင်းကြားလို့ အပြေးလေးရောက်လာတဲ့ဝိုလျန်းက ရီနာနာရဲ့ပုံစံကိုမြင်ပြီးလန့်သွားလေတယ်

ဝမ်းနည်းနေတဲ့ရီနာနာက ဝိုလျန်းကိုမြင်တာနဲ့ အော်ငိုတော့တယ်

ဝိုလျန်းလဲလန့်သွားပြီး သူမသမီးကိုရင်ခွင်ထဲထည့်ကာ ကျောလေးပုတ်ပြီးနှစ်သိမ့်ပေးလေတယ်

ဒါပေမဲ့ ရီနာနာအငိုမတိတ်ခဲ့ပါဘူး သူမ ပိုလို့ငိုရင်း နောက်ဆုံးမေ့မြောသွားတဲ့အထိ ငိုနေခဲ့တယ် 

ဟုန်ဟုန်က ဘေးနားမှာရှိနေပြီး သူမပြန်သတိရမဲ့အချိန်အထိ စောင့်ပေးနေတယ်

သူမနိုးလာတော့ အားလုံးက သူမဘေးမှာရှိနေပေးကြတယ်

ရီနာနာတိတ်ဆိတ်နေခဲ့တယ် ဖြစ်ပျက်ခဲ့သမျှကိုပဲ ပြန်လည်တွေးတောနေခဲ့တယ်

တစိမ့်စိမ့်တွေးလေ သူမပိုပြီးစိတ်တိုလာလေပဲ

ဒါတောင် သူမဆီမှာ ခံစားတတ်တဲ့နှလုံးသားကပြန်မရသေးလို့ပဲ သူ့ကိုချစ်ခဲ့တဲ့နှလုံးသားတစုံသာပြန်ရလာရင် သူမခံစားရမဲ့ပမာဏကိုမ‌တွေးရဲတော့ဘူး

ဘာကြောင့်များသူမ စူးစူးနစ်နစ်ချစ်ခဲ့မိတာလဲ ပြန်စဉ်းစားကြည့်လိုက်တော့ ဘာအကြောင်းပြချက်မှလဲ မယ်မယ်ရရမရှိသလိုပါပဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalOù les histoires vivent. Découvrez maintenant