ဘယ်လိုလုပ်ရမလဲ သဲရယ် မင်းကိုငရဲထဲခေါ်သွင်းခဲ့မိပြီ

1.1K 159 29
                                    

မြူခင်းတွေရုံနေတဲ့လမ်းကြားလေးထဲမှာ တယုတယလာကိုင်ခဲ့တဲ့လက်လေးတစ်ဖက်။ အံ့ဩစွာလှည့်ကြည့်မိတဲ့အချိန် မျက်ဝန်းတွေထဲမှမျက်ရည်တွေက ခုန်ပေါက်ကဆင်းသည်။

ရင်ထဲမှတိုးတိတ်ခေါ်ခဲ့သည့် အမည်တစ်ခုကတော့....။

Tale of the Moonlight

"‌ကလေးငယ်"

လှုပ်ရှားမှုမရှိသည့်ကိုယ်ခန္ဓာဟာ တုတ်တုတ်မျှမရွေ့ခဲ့။ တအံ့တဩငေးကြည့်မိရသည့်မျက်ဝန်းများက ဆွေးနင့်မှုများစွာပေးသည်။

ငါငိုချင်လိုက်တာ ဂျွန်။

"ဂျွန်"

ခေါ်ပေမဲ့ထိုကျောပြင်ဟာသူ့အနားမလာ။

လာခဲ့ပါလား ဂျွန်။
နွေးထွေးမှုရှိပါ့မလားမသိနိုင်တဲ့ မင်းရဲ့ကျောပြင်ကျယ်ကို ငါဖက်တွယ်ချင်တယ်။

အမြဲလိုလိုရွတ်နေမိတဲ့အဲ့အမည်နာမတစ်ခုကို ငါငယ်စဉ်ကတည်းကတမ်းတခဲ့တယ်။ ဘာဖြစ်တည်မှုမှ ရှိလို့ရှိမှန်းမသိနိုင်တဲ့ ထိုစကားတစ်ခွန်းတည်းကို ငါရွတ်ရင်းနေခဲ့တယ်။ ဂျွန် မင်းဒါတွေကိုသိရဲ့လား။

အမြဲလိုလိုရွတ်နေမိတဲ့အဲ့အမည်နာမတစ်ခုကို ငါငယ်စဉ်ကတည်းကတမ်းတခဲ့တယ်။ ဘာဖြစ်တည်မှုမှ ရှိလို့ရှိမှန်းမသိနိုင်တဲ့ ထိုစကားတစ်ခွန်းတည်းကို ငါရွတ်ရင်းနေခဲ့တယ်။ ဂျွန် မင်းဒါတွေကိုသိရဲ့လား။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"ကိုယ်မင်းကိုချစ်ခဲ့တာ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်အသွင်ပဲမဟုတ်ခဲ့ဘူးလား ဒီလိုမျိုး မင်းသိပြီး ပြန်ဖြစ်လာဖို့မဟုတ်ဘူးလေ"

ကန့်လန့်ကာအဖြူနဲ့အုပ်ထားတဲ့ပြတင်းပေါက်ကျယ်တွေဘက်ကိုကြည့်ရင်း ဂျွန်ဟာဆွေးဆွေးနင့်နင့်ပြောသည်။ ထယ်ယောင်းရင်ထဲစို့တက်လာသည်။ ထိုနေရာမှာတင်ရပ်ပြီး သူ့အနားမလာတဲ့ဂျွန့်ရဲ့စကားသံတွေကိုနားထောင်ရင်း။

"ဘယ်လိုလုပ်ရမလဲ သဲရယ် မင်းကိုငရဲ‌ထဲခေါ်သွင်းခဲ့မိပြီ"

တစ်လှမ်းချင်းလျှောက်ရက်သူဟာ မလှပသည့်စကားများပြောရက်၏။ ငုတ်တုတ်လေးဖြင့်မျက်ရည်ခသောချစ်ရသူကို တယုတယဆွဲပွေ့လိုက်သည့်အခါ ခါးထက်ပွေ့ဖက်လာသည့်လက်တစ်စုံနှင့် ရင်ခွင်ကျယ်ကိုဖွင့်ပေးသည်။ ငိုချခဲ့ပါရဲ့။ တမ်းတခဲ့မိတဲ့ဒီခိုလှုံရာဟာ အေးစက်မှု ၊ ကြောက်ရွံ့မှုတွေမရှိပဲ နွေးထွေးမှုအပြည့်နှင့်မို့။

Tale of the Moonlight 𐤀 [Completed]Donde viven las historias. Descúbrelo ahora