Unicod
"Hello Jiminပြော"
"Tae ဘာလုပ်နေလည်း ငါမင်းနဲ့တွေ့ချင်လို့ဖြစ်မလား......"
"ဖြစ်ပါတယ် ငါဘယ်လာခဲ့ရမလည်း"
"မင်းမလာနဲ့ ငါလာခေါ်မယ် ငါ့ကိုမင်းအိမ်ကပဲစောင့်နေ ငါမင်းနဲ့အေးဆေးစကားပြောစရာရှိလို့"
"အေးပါ ဒါဆိုငါစောင့်နေမယ်နော်"
Taehyungဖုန်းချသွားမှ Jiminလည်း Taehyungစီကိုထွက်လာလိုက်သည်။
အိမ်ရှေ့ရောက်တော့ အိမ်ထဲမဝင်ချင်တာနဲ့ Jiminလည်းသူရောက်ကြောင်းTaehyungစီဖုန်းခေါ်လိုက်သည်။
"Tae ငါရောက်နေပြီ မင်းထွက်လာခဲ့တော့"
"အေးအေး ငါလာခဲ့မယ်"
"Jiminမင်းကလည်း ဘာလို့ အိမ်ထဲမဝင်တာလည်း "
"ဖြစ်နိုင်ရင်လေ အဲ့အိမ်ထဲဝင်ဖို့မပြောနဲ့အိမ်ရိပ်တောင်မနင်းချင်ဘူး မလွှဲသာလို့"
"ဘာတွေဖြစ်လာပြန်တာလည်း Jiminရယ် ဦးငယ်နဲ့စိတ်ဆိုးလာလို့လား"
"မေးမနေနဲ့တော့ အိမ်ရောက်မှ ပြောကြမယ်"
"အေးပါကွာ"
Jiminအိမ်ရောက်တော့။
"Tae မင်းကိုငါစိတ်ဆိုးတယ်သိလား.....မင်းဘာလို့ငါ့ကို ဘာမှမပြောပဲ တစ်ယောက်ထဲကျိတ်ခံနေတာလည်း"
Jiminစကားကြားတော့Taehyungလည်းပြူးပြူးပြာပြာဖြစ်သွားသည်။
"Jiminမင်းဘာတွေသိလာလို့လည်း"
"Taeမင်းငါ့ကို လိမ်ဖို့မကြိုးစားနဲ့ မင်းနဲ့Jungkookရဲ့အပေးအယူကိစ္စငါအကုန်သိပြီးပြီ
မင်းကွာ ငါ့ကိုအစထဲကပြောပြပါလား ငါသာအစထဲကသိရင် မင်းကိုအခုလိုအဖြစ်မခံဘူး"Taehyungတစ်ယောက်Jiminစကားကြားတော့ မျက်ရည်ကအလိုလိုဝဲလာသည်။
"Jimin.....ငါ....ငါလေ ...မင်းကိုမပြောပြချင်လို့မဟုတ်ပါဘူး မင်းငါ့ကြောင့်စိတ်ဆင်းရဲမှာဆိုးလို့မပြောပြတာပါ..... ငါမှားပါတယ်နော်"
"မငိုနဲ့ တိတ်တော့ ....ဗိုက်ထဲကကလေး ထိခိုက်နေဦးမယ် .....အခုငါသိသွားပြီဆိုတော့ မင်းအကုန်ငါ့ကိုရင်ဖွင့်ငါနားထောင်ပေးမယ်
မင်းဟိုတစ်နေ့က ပြောတဲ့Jungkookရည်းစားအကြောင်းလည်းပြောပါဦး အဲ့မိန်းကလေးကတကယ်ပဲ နောက်တစ်ယောက်ရှိနေတာလား"