" ကျုံးစိန်း. ကျုံးစိန်း "
" ya. မင်းဘယ်မှာလဲ "
" ဟေ့ကောင် ပတ်ဂျုံးဆောင်း "
ဆောင်းဦးညနေခင်းမှာ ထွက်ပေါ်လာတဲ့ ဆောင်းဟွန်းရဲ့အသံဟာ စူးစူးရှရှ။ ပြန်လည်တုံ့ပြန်မှု မရှိတဲ့အခါမှာတော့ မျက်ခုံးတန်းတန်းကို ကွေးရှုံ့ပစ်သည်။ ခြေထောက်ကိုလည်း ခပ်ပြင်းပြင်းဆောင့်လို့။ နှုတ်ခမ်းတွေကိုတောင်မှ ကလေးလေးလိုမျိုး စူထားလျက်ပင်။
" ကြောင်စုတ်. ဘယ်တွေရောက်နေမှန်းကို မသိဘူး "
စိတ်အလိုမကျစွာနဲ့ ရေရွတ်လိုက်တဲ့ ဆောင်းဟွန်း ထို့နောက်မှာတော့ မီးဖိုခန်းထဲကိုသွားပြီး ကိုလာတစ်ဘူးကိုပဲ ဖောက်သောက်ပစ်လိုက်တော့သည်။ ဂျေးရဲ့အိမ်ဖြစ်ဖြစ် ဂျေးရဲ့ကိုလာဖြစ်ဖြစ် သူ စိတ်မဝင်စားပါဘူး။ သူငယ်ချင်းတွေပဲကို။ သောက်ချင်ရင် ယူသောက်ပစ်လိုက်မှာပေါ့။
သူငယ်ချင်း။ အင်း... သူငယ်ချင်း။
ခေါင်းထဲ အလိုလို ရောက်လာတဲ့အတွေးကြောင့် ဆောင်းဟွန်းရဲ့မျက်နှာက ညှိုးမှိုင်လို့ သွားရသည်။ ဒါပေါ့။ သူနဲ့ဂျေးဟာ ဧကန်အမှန် သူငယ်ချင်းတွေပဲ။
ဒါပေမဲ့ ဒီအမှန်တရားဟာ ခါးသီးလွန်းလိုက်တာ။
သူ့ဘက်ကဖြင့် ဘယ်တုန်းကမှ ဂျေးနဲ့သူငယ်ချင်း မဖြစ်ချင်ခဲ့ဖူးဘူးပဲကို။ ဘယ်တုန်းကမှ၊ လုံးဝ...။ဆောင်းဟွန်း စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကိုပဲ ဆွဲဖွပစ်လိုက်သည်။ ဂျေးကြိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွှေအိုရောင်ဆိုးထားတဲ့ဆံနွယ်နုနုဟာ အခုတော့ ပုံပျက်သွားလို့ပင်။ အပြင်လောကမှာ ခပ်စိမ့်စိမ့်အေးလို့။
အခန်းငယ်လေးက နွေးထွေးမှု ရှိနေတယ်ဆိုပေမဲ့
ဆောင်းဟွန်းရဲ့ရင်ထဲမှာတော့ ပူလောင်လိုက်တာ။Hmm...
ဆောင်းဟွန်းရဲ့သက်ပြင်းချသံဟာ ပကတိ တိုးဖျော့စွာ။ ထိုအတွင်းမှာ လေးလံမှုတွေရောယှက်နေတာကိုတော့ ကာယကံရှင်ကိုယ်တိုင်ကပဲ သတိပြုခဲ့မိလိမ့်မည်။
ဆောင်းဦးလေပြေတွေလည်း မသိ။
ခရမ်းရောင် အက်စ်သာတွေလည်း မသိ။
ထိုနည်းတူ
သူ၏မြတ်နိုးရာကလည်း မသိ။
YOU ARE READING
ANYMORE (One Shot) | JAYHOON
FanfictionDo I ever cross your mind, Jay? For @imyouronigiri_