ာ်သွားသ"ထည့်စားလေ မှူး"
သူ့တို့မှာထားတာတွေ ရောက်လာတော့ စကားစပြတ်တောက်သွားသလို တုနှိုင်းကလည်း သူ့ကို တစ်ခုပြီးတစ်ခုသူ့ရဲ့ထမင်းပန်းကန်ထဲသို့ ထည့်ပေးကာ ဂရုစိုက်လေ၏။
"ရတယ် မင်းလည်းစားလေ ငါ့ချည်းပဲထည့်ပေးမနေနဲ့"
"ကျွန်တော်က မှူး စားနေတာကြည့်ရင်ကို ဗိုက်ပြည့်နေပြီ"
ကာရံသူပြန်ဖြေလိုက်သည့်စကားကြောင့် ရှက်သွသည့် မှူးရဲ့ပုံစံလေးက သူ့အတွက်တော့ တကယ်ချစ်စရာလေးပင်။ဘယ်လိုတောင် ချစ်ဖို့ကောင်းအောင် ပြုစားနေတာလဲ မှူး။
"ကာရံတို့များ အကိုလွမ်းကို ကြည့်နေတဲ့ အချစ်မျက်ဝန်းတွေက အကိုလွမ်းလည်း သွားကပ်နေပါအုံးမယ်"
"ဒါကတော့ မှူးကို ချစ်တာကို မနာလိုမဖြစ်ပါနဲ့ နွယ်"
"ဖြစ်စရာလား ငါ့မှလည်း ကိုကို ရှိတယ်ဆိုတာ သိထားနော် ကာရံ"
ကာရံအပြောကို ခပ်ချေချေပြန်ဖြေလာတဲ့ နွယ်ဒါလင်းပိုးကြောင့် ကာရံရီမိလိုက်သည်။
"အကိုလွမ်း ကာရံလိုလူမျိုးကို ဘာကြည့်ကြိုက်တာလဲ ရုပ်ကဆိုးသေး အရပ်ကလန်ကလား အပြင် ပြောရဆိုရတာ လက်ပေါက်ကပ်သေး"
"ဟေ့ ဟေ့ ငါ့အဲ့လောက်မဟုတ်တာ နင်သိတယ်နော် နွယ် ဒါကို ငါ့ကိုချောက်ချမနေနဲ့"
"အကိုလွမ်း မသိတာတွေပြောရရင် ကာရံက ရည်းစားတွေထည်လဲတွဲတတ်တဲ့ Play boy တစ်ယောက် သိလား "
"နွယ်ဒါလင်းပိုး နင်တော်မလား မှူးခေါ်ပြီး ငါ့ပြန်ရမလား"
"ကာရံတို့ကတော့ အကိုလွမ်း တစ်ကမ္ဘာပဲ"
သူငယ်ချင်း၂ယောက်စနောက်နေတာကို လွမ်းကတော့ ပြုံးနေပေမယ့် နက်ကတော့ ကောင်းသည်ဆိုးသည်ဝင်မပြောဘဲ အေးစက်စက်မျက်နှာထားနဲ့အတူတူ ထမင်းပေါင်းကိုသာ စားနေလေရဲ့။
"အကိုလွမ်းနဲ့ဘယ်တော့ယူမှလဲ ကာရံ"
"နွယ် သူများကို အဲ့လိုတွေသွားမမေးနဲ့လေ သူ့တို့Personal caseဖြစ်နေပြီလေ"
တစ်ချိန်လုံး ဘာမှဝင်မပြောတဲ့ကိုကိုက ခုတော့များကျတော့ နွယ်ကို အလန့်တကြားပြောလာလေသည်။ကိုကိုများ နွယ်ကို တွဲရင်း ချစ်လားမလားဆိုတဲ့စိတ်နဲ့ကိုကိုမျက်ဝန်းထဲကအဖြေကိုသိနေရတာကို လျစ်လျူရှုခဲ့ခြင်းဖြစ်၏။
BẠN ĐANG ĐỌC
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Lãng mạnခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023