ကျွန်တော့်ရဲ့နောက်ထပ် အထန်ဇာတ်လမ်းလေးတစ်ခုအကြောင်းပြောပြအုန်းမယ်နော်။
၁၀ တန်းပီးစတုန်းကစုံခဲ့တဲ့ မြင်မြင်ချင်းချစ်မိသွားတဲ့ရွယ်တူကောင်လေးတစ်ယောက်ရှိတယ်။ ခုကျတော့ ၂ ယောက်လုံး ၃၀ ကျော်သွားပီပေါ့နော်။
စတွေ့တုန်းက အကြည့်ချင်းဖလှယ်ကြပီးတော့ စိတ်လှုပ်ရှားခဲ့ကြတယ်။ သူငယ်ချင်းရဲ့သူငယ်ချင်းပေါ့။ အဲ့တုန်းက smart phone တွေလည်း မပေါ်သေးတော့ ဖုန်းတို့ g talk တို့နဲ့ပဲ အဆက်အသွယ်ရှိကြတာဆိုတော့ အအဆက်အသွယ်ပြတ်သွားခဲ့ရတယ်။ နှစ်ပေါင်းတော်တော်ကြာမှ facebook မှာပြန်တွေ့ကြရင်းနဲ့ အရင်းအကြောင်းတွေပြန်ပြောရင်းနဲ့ အဲ့စတွေ့ချိန်တုန်းက တူတူချစ်မိသွားကြတယ်ဆိုတာသိခဲ့ရတယ်။ facebook မှာပြန်အဆက်အသွယ်ရသွားကြပေမယ့်လည်း ၂ ယောက်လုံးမှာ ချစ်သူကိုယ်စီတွေနဲ့ဆိုတော့ စောင့်ထိန်းတဲ့အနေနဲ့ ပြန်ဝေးကွာသွားခဲ့ရပြန်တယ်။ နောက်နှစ်နဲနဲထပ်ကြာတော့ ပြန်စကားပြောဖြစ်ရင်းနဲ့ ၂ ယောက်လုံးက single တွေပြန်ဖြစ်နေကြတယ်။ ဖုန်းနံပါတ်တွေပြန်တောင်း စကားတွေပြောဖြစ်ကြတယ်။ ဒါပေမယ့်တော်ရုံမဆုံဖြစ်သေးဘူး။ Covid ကြောင့်လည်းပါတာပေါ့။
တရက်မှာရုတ်တရက် ဖုန်းဆက်လာတယ်။ ကျွန်တော့အိမ်နားရောက်နေတယ်တဲ့။ လာလည်လို့ရမလားတဲ့။ ကျွန်တော်ကလည်း လာလို့လို့ရပါတယ်။ အိမ်ကလူတွေလည်းအပြင်သွားနေကြတာဆိုတော့။
နာရီဝက်လောက်နေတော့သူရောက်လာတယ်။ သူကတီရှပ်အမဲကို ဘောင်းဘီအမဲလေးနဲတွဲဝတ်ထားတယ်။ မတွေ့တ္အတော်ကြာပေမယ့်တွေ့လိုက်တော့လည်း ရင်းနီးသလိုခံစားရတယ်။ ၂ ယောက်လုံးကလည်း ၅ ပေ ၈ ဆိုတော့ အရပ်ကတူတူ။ ကျွန်တော်က အပြေးသမားဆိုတော့ ပိန်ပိန်ကျစ်ကျစ်၊ တရုပ်စပ်ပေမယ့် အသားအရမ်းတော့မဖြူဘူး။သူကျတော့လည်း အသားဖြူဖြူ နှာခေါင်းချွန်ချွန် အရိုးအဆစ်ကကျွန်တော့်ထပ်ကြီးတယ်။ သူကအိမ်ထဲဝင်လာတော့ အားနာနေတယ် ရုတ်တရက်ကြီးရောက်လာလို့။ ဒါပေမယ့်ကျွန်တော်ကအိမ်ရှင်းနေတာဆိုတော့ အိကျီချွတ်နဲ့ ပုဆိုးကိုဒူးလောက်ဝတ်ထားတာ။
YOU ARE READING
ဝေးကွာသွားခဲ့တဲ့အချစ်ဦး
Romanceငယ်ငယ်ကမြင်မြင်ချင်းချစ်ခဲ့ကြပီး ကြီးလာမှပြန်ဆုံရင်း ဖြစ်ခဲ့ကြတဲ့ 18+ ဇတ်လမ်းပါ။