(13)Unicode

1.2K 112 0
                                    

ကိုယ် အိမ်မက်တစ်ခုမက်ခဲ့တယ်

မင်းရယ် ကိုယ်ရယ်က လွဲလို့ ဘာမှမရှိတဲ့ ဗလာဟင်းလင်းပြင်ထဲမှာပေါ့။

မင်းကတော့ ပြုံးလို့..... ကိုယ်ထင်တယ် မင်းလက်ကိုဆွဲလို့ ဦးတည်ရာမရှိပြေးနေခဲ့တာ နှောင်ကြိုးတွေမရှိတဲ့ လွင်ပြင်ဆီသို့။

မင်းကလည်း ကိုယ့်နောက်ကို ယုံကြည်စွာလိုက်ခဲ့တယ် .....ဒီလိုနဲ့ ခြေလှမ်းပေါင်းများစွာရှေ့ဆက်ရင်း....။  

သိပ်ကိုလှတဲ့ အိမ်မက်လေးက နိုးထလာတဲ့အခါ မင်း အသံမဟုတ်တဲ့  အသံတစ်ချို့။ ပြီးတော့ ပြင်းထန်တဲ့ နာကျင်မှုနဲ့ ပိုးသတ်ဆေးအနံ့ပြင်းပြင်းတွေ။ 

"သတိရလာပြီလား "

ကိုယ့်ကို ငုံ့ကြည့်ကာမေးနေတဲ့ လူတစ်ယောက်။ အမျိုးသားတစ်ယောက်ပေမယ့် ကိုယ် တခါမှ မမြင်တွေ့ဘူးတဲ့ လူစိမ်း။ တစ်ချက်ကြည့်လိုက်တာနဲ့ ဥပဓိရုပ်က သာမာန်တော့မဟုတ်ဘူးဆိုတာ သိသာပါတယ်။ 

"နေခြည်ရော နေခြည်လင်းလက်ရော သူဘယ်မှာလဲ "

"စိတ်အေးအေးထားပါ ငယ်လေး ဘေးကင်းစွာရှိနေပါတယ် "

မင်းကို ငယ်လေးလို့ ခေါ်တဲ့ အဲ့ဒီလူဟာ မင်းတို့မိသားစုနဲ့ ရင်းနှီးလိမ့်မယ်ထင်တယ်။ 

"ဆရာဝန်တွေက မင်းကို စစ်ဆေးပေးလိမ့်မယ် ခဏနေ ပြီးရင် ငယ်လေးနဲ့ မင်းကို တွေ့ပေးပါ့မယ် "

"ကျွန်မဘာမှ မဖြစ်ပါဘူး "

"သေချာရဲ့လား မင်း ဘာဖြစ်သွားတယ်ဆိုတာရော မှတ်မိရဲ့လား ကောင်မလေး "

"ကျွန်မတို့ ... ကျွန်မတို့ လမ်းပေါ်မှာ ရှိနေတုန်း ကားတွေရောက်လာပြီးတော့ ......"

တဖက်က ပိုနီးလာတဲ့ ကားတွေမရောက်ခင် လူမိုက်အချို့ကို ခုခံရင်း သူတို့ ဒါဏ်ရာရခဲ့တယ် ပြီးတော့ တဖက်နဲ့ တဖက် အပြန်အလှန်ပစ်နေတဲ့ကြားမှာ နေခြည့်နဲ့ ကိုကိုကြီးဆီ ဦးတည်တဲ့ ကျဉ်ဆန်တွေရောက်လာခဲ့တာ သတိရမိသည်။ လွင် နောက်ဆုံးမှတ်မိတာက  နေခြည့်ကို အုပ်မိုးကာကွယ်ရင်း သူမဆီတည့်တည့်ထိလာသည့် ကျဉ်ဆန်များ။ နောက်တော့ နာကျင်မှုနှင့်အတူ နေခြည့်မျက်ရည်များကြား သတိမေ့သွားခဲ့တာပဲ။ အဲ့တာကြောင့် နောက်ကျောနဲ့ ဝမ်းဗိုက်ပိုင်းမှာ နာကျင်နေတာကိုး။ 

ရွှေချည်ကြိုးဆွဲရာ(GL)Nơi câu chuyện tồn tại. Hãy khám phá bây giờ