Chapter -31

727 28 0
                                    


Unicode
————

“ က…ကလေးငယ်…တ…တကယ်ပြောတာလားဟင်??? ”

“ အင်း…ကျွန်တော်…ကျွန်တော်တကယ်ပြောတာ ဒါ…ဒါကြောင့်ထတော့သူများတေကြည့်နေတယ် ”

“ ဟားးး ကောင်းပါပြီဗျာ…ဒါဆိုကိုယ်ထပြီနော်  ”

“ အင်း… ”

သူကလေးငယ်ကို သူ့နှလုံးသားရဲ့စေညွှန်ရာအတိုင်း ခံစားချက်တေကိုထုတ်ဖော်ကာပြောလိုက်တယ်။ဒါပေမဲ့ကလေးငယ်ငြင်းမှာကိုလဲသူကြောက်မိတယ်။ငြင်းလိုက်ရင်ဆိုတဲ့အတွေးတို့ကတောင်သူ့ရဲ့နှလုံးသားကိုနာကျင်လာစေတယ်။

သူလေးကလည်းကိုယ့်ကိုငြင်းဖို့ပြင်ဆင်နေချိန်မှာပဲသူ့ရဲ့ဦးခေါင်းတစ်ခုလုံးဗလာနတ္ထိဖြစ်သွားကာကလေးငယ်သူ့ကိုမငြင်းဖို့ဆိုတဲ့အတွေးတစ်ခုသာရှိတော့တယ်။သူတောင်မသိလိုက်ခင်မှာပဲ သူလုပ်မိလိုက်တဲ့အရာကသူလေးရဲ့ရှေ့မှာဒူးထောက်ချမိကာမငြင်းဖို့ကိုသာတဆာဆာတောင်းဆိုနေမိတယ်။

သူဒူးထောက်ချလိုက်တော့သူလေးကအံ့ဩစွာနဲ့ကြည့်နေရင်း နောက်မှအသိဝင်ကာသူ့ကိုထဖို့ပြောနေပေမဲ့မကြားချင်ယောင်ဆောင်ကာ ဆက်ပြီးတော့မငြင်းဖို့ကိုသာတောင်းဆိုမိပြန်တယ်။ထိုမှသာသူလေးကအထစ်ထစ်ငေါ့ငေါ့နဲ့မျက်နှာတစ်ခုလုံးနီရဲကာစဉ်းစာပေးမယ်လို့ပြောလာတာကြောင့်သူ့မှာအတိုင်းမသိကိုပျော်ရွှင်မိတယ်။ထိုနေရာမှာတင်ကိုပျော်လွန်းလို့ငိုမိမတတ်ပဲ

ပြီးမှသေချာစေရန်ဒူးထောက်ရင်းနဲ့သူလေးရဲ့မျက်နှာကိုမော့ကြည့်ကာမေးမိတော့ သူလေးကတကယ်ပြောတာဖြစ်ကြောင်းကိုပြန်ဖြေလာပြီးလူတွေဝိုင်းကြည့်နေတာကြောင့်အမြန်ပြန်ထရန်ပါပြောလာတဲ့လူ‌သားလေးရဲ့အရှက်သည်းနေပုံလေးကသူ့ရဲ့ရင်အစုံကိုကုတ်ခြစ်နေသလိုလို၊ ပုရွက်ဆိတ်အကောင်ပေါင်းများစွာထိုးဝင်သွားနေသလိုလိုကလိကလိနဲ့အသည်းယားမိတာတော့အမှန်ပေ ဒါကြောင့်သူလည်းထရပ်လိုက်တယ်

“ ကျေးဇူးတင်ပါတယ်ကလေးငယ်… ”

“ အင့်…ခင်…ခင်များကျွန်တော့ကိုလွှတ်!! ”

သူလေးရဲ့အလိုကျထရပ်လိုက်ပြီးကျေးဇူးတင်စကားပြောကာသူဆုတ်ကိုင်ထားတဲ့ကလေးငယ်ရဲ့လေးကိုဆွဲလို့ဖက်လိုက်တော့ သူ့ကိုလွှတ်ပေးဖို့ပြောလာတဲ့သူလေးကအနည်းငယ်စိတ်တိုနေသယောင်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now