Arc-2 (intro)

1.3K 30 4
                                    

U

အကြီးဆုံးမင်းသားကြီးက ချစ်ရသူခင်ပွန်းလေး ညှိုးကို ပေါင်ပေါ်တင်စပျစ်သီးလေးခွံနေရင်း ပန်းနတ်ဘုရားအထိအဆင့်ရှိလာတဲ့ ၉ယောက်မြောက်ညီတော်ကိုစကားပြောနေသည်။

"အကိုတော်ကြီးပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်"

"မင်းရဲ့ ဒုတိယအကိုတော်နဲ့စတုတ္ထအကိုတော်ကို အချိန်မတိုင်ခင်အထိဘာမှပေးမသိနဲ့ဦး"

ပန်းနတ်ဘုရားက အကြံတူစွာဖြင့် "လုံးဝအသိမပေးပါဘူး"

ညှိုးကသူ့ခင်ပွန်းရင်ခွင်ထဲမှနေ၍ ပန်းနတ်ဘုရားကိုလက်မထောင်ပြလိုက်သည်။

ဒီအတွဲကသူတို့ရဲ့စိတ်ဝင်စားမှုကိုအမြဲဆွဲဆောင်နိုင်လေသည်။ သူတို့ရဲ့ကလေးထိန်းပုံတွေ အတူတူပေါင်းစည်းနေချိန်ဆိုအချစ်မပါပေမဲ့ စိတ်အားထက်သန်မှုပြင်းပြနေတာတွေ...အစရှိသဖြင့်သူ့ကိုသိချင်စိတ်ပြင်းပြနေစေသည်။

ညှိုးကသူ့ဝမ်းဗိုက်ကိုသတိမထားမိစွာကိုင်လိုက်ပြီး ငေးမောမိသည်ကို သူ့ခင်ပွန်းကသတိထားမိသွားသည်။

"ရင်သွေးလေးလိုချင်လို့လား ကောင်လေး"

ထိုအခါမှညှိုးကအသိပြန်ဝင်လာပြီး သူ့ခင်ပွန်းရဲ့ပါးကိုသူ့လက်ဖဝါး၂ဖက်ဖြင့်ဆွဲညစ်ကာ..."မလိုချင်ဘူး ခင်ဗျားကြီးက ကလေးလိုချင်နေရင်အစထဲကရအောင်လုပ်မှာကျွန်တော်ကသိပြီးသား အကြောင်းပြချက်တစ်ခုခုရှိမယ်မှန်းသိတယ် ဒါမို့ခင်ဗျားလိုချင်လာတဲ့အချိန်ထိစောင့်မယ်..."

ကောင်လေးရဲ့စကားကသူ့ကိုကျေနပ်စေသည်။ 'အချိန်တန်မှ ကလေးယူကြမယ်...အခုမဖြစ်သေးဘူး'

ညှိုးကခပ်ထွေထွေတွေးပြီး..."ဒါမှမဟုတ်...ခင်ဗျားက ကလေးရအောင်မစွမ်းဆောင်နိုင်တာတော့မဟုတ်ဘူးမလား ဟင်"

ဒါကသူ့ကိုသပ်သပ်မဲ့စိန်ခေါ်တာ?

"စမ်းကြည့်မလား"

မင်းသား၉တစ်ဖြစ်လည်း ပန်းနတ်ဘုရားက သူ့ကိုရှေ့တည့်တည့်မှာထားပြီး ချစ်ကြည်နူး တစ်တစ်တူးနေတဲ့ အတွဲကြောင့် မျက်နှာရှုံ့မဲ့နေသည်။

I am A System 30 (series-2) Arc-2Where stories live. Discover now