For Unicode
ဂျောင်ကု ခယ်မဖြစ်သူအား တစ်ချက်ပြုံးပြကာ ထယ်ယောင်းရှိရာကို လိုက်လာလိုက်သည်။
"Amber...ကိုယ်မုန့်ဝယ်လာခဲ့ပြီ။ပေးပေး အသီးကိုယ်ခွဲလိုက်မယ် မင်းက မုန့်သာယူသွား"
ဂျောင်ကုပြောတော့ သူ့Amberက စကားနားထောင်ပါရဲ့။လက်ထဲကဓါးလေးကိုပေးပြီး မုန့်တွေပန်းကန်ထဲလှယ်ထည့်ယူသွားသည်။
သူကတော့ ပန်းသီးတွေ အခွံခွာရင်း အစိတ်သေးလေးတွေ ဂရုတစိုက်လှီးဖြတ်ရင်း နေရာမှာကျန်ခဲ့၏။
လုပ်စရာရှိတာလုပ်ပြီးတော့ ထယ်ယောင်းပန်းသီးပန်းကန်လေးယူကာ ဧည့်ခန်းထဲမှာထိုင်နေသည့် ထယ်ယောင်းရှေ့ချပေးလိုက်သည်။
"များများစားနော် Amber...လိုရင်ထပ်ပြော ကိုယ်ခွဲပေးမယ်"
ထိုမျှပြောပြီး ဂျောင်ကုဧည့်ခန်းထဲက ထွက်လာလိုက်သည်။ဒီနေ့ပိတ်ရက်ဆိုတော့ အိမ်အလုပ်နည်းနည်းလုပ်စရာရှိသလို Amberတို့မောင်နှမကိုလည်း လွတ်လွတ်လပ်လပ်နေစေချင်၍ဖြစ်သည်။
နှာခေါင်းရှုံ့လျှက်ကြည့်နေသည့် ခယ်မဖြစ်သူရဲ့ အကြည့်ကို ဂျောင်ကုသတိထားမိပေမယ့် ဂရုမစိုက်ပါ။အလကား မနာလိုနေတာပဲဖြစ်ရမည်။
အိမ်ခန်းထဲက အဝတ်ခြင်းကိုကြည့်လိုက်တော့ အဝတ်ဟောင်းတွေက ခြင်းဝက်နီးပါးရှိနေပြီ။
"Amberကတော့လေ တကယ်ပါပဲ"
အဝတ်လျှော်ရင်း ဘာလုပ်ရမလဲ ဂျောင်ကုဆက်တွေးနေမိသည်။ထိုစဉ်တွေးလိုက်မိတာက မကြာခင် စက်တင်ဘာလကိုရောက်တော့မည်။
"အင်း ငါအိမ်ကိုတစ်ခါလောက်တော့ ပြန်သင့်တယ်ထင်ပါရဲ့..."
အိမ်ကမိဘတွေကိုလည်း ဂျောင်ကုသတိရမိပါသည်။သူ့Amberက မျက်နှာမြင်ချစ်စေ၊အသံကြားသနားစေဆုနဲ့ပြည့်တဲ့အမျိုးသားလေးဆိုတော့ ဘယ်လိုပဲ သဘောမတူခဲ့မတူခဲ့ လူကိုယ်တိုင်တွေ့လိုက်ရရင်တော့ အိမ်ကမိဘတွေသဘောကျမှာပါ။
အဝတ်လျှော်ပြီး အလုပ်လုပ်ဖို့တွေးလိုက်ပေမယ့် ရုတ်တရက် Amberကြိုက်တဲ့ ကြက်ဥပူတင်းလေးလုပ်ပေးချင်လာသည်။
YOU ARE READING
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanfictionသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023