အပိုင်း၁၈(Unicode)

182 5 0
                                    

"ရော့ ခင်ဗျားအတွက်"

"ဟင်"

လက်ထဲရောက်လာတဲ့ဆေးထုပ်အချို့ကိုထည့်ထားသော အိတ်ကြောင့် လွမ်း ဟင်ကနဲ့ဖြစ်သွားရသည်။ဘာကိစ္စ ဒီဆေးတွေကို သူ့လာပေးရတာလဲ။

"ဒီဆေးတွေကို ငါ့ကဘာလုပ်ရမှလဲ"

"ကျစ်"

သူ့မေးလိုက်ပြန်တော့လည်း စိတ်မရှည်သလို ကျစ် သပ်ပြန်သော ခွန်းသက္ကရာဇ်ဈာန်။

"ခင်ဗျားအတွက်လေ ဆိုင်မှာ နေ့လည်စာစားတုန်းက အစပ်တွေအစားများလို့ ခုဗိုက်အောင့်​ပျောက်ဆေးနဲ့အစာကြေဆေးဝယ်ပေးတာ တော်ကြာဖြစ်မှ ခင်ဗျားရဲ့အခန်းထဲ သောက်စရာဆေးမရှိဘဲနေမှစိုးလို့"

"အော် ကျေးဇူး နက်"

လွမ်းရဲ့အခန်းထဲသောက်စရာဆေးမရှိမှစိုးလို့ဆိုပြီးပြောတဲ့သူက သူ့ကိုယ်တိုင် လွမ်း အစာအိမ်ဖြစ်မလို့ဖြစ်တုန်း အနည်းအကျဉ်းဖြစ်ရင် အရန်သင့်သောက်လို့ရအောင် အရေးပေါ်ဆေးသေတ္တာကြီး သူ့ကိုယ်တိုင် လွမ်းအခန်းထဲလာထားတာကို မေ့နေသည်ပုံပင်။

"အင်း"

သူ့တို့၂ယောက်ကြားထဲ ဒါအပြင် ဘာမှဆက်ပြောစရာမရှိသည့်ကြောင့် နက်လည်း သူ့ဘာသာကားကိုသာ အာရုံစိုက်မောင်းနေလေရဲ့။

"ခင်ဗျားကို အိမ်ကိုပဲ လိုက်ပို့ပေးရမှလား"

ဘယ်လိုက်ပို့ပေးရမလဲသူ့ရဲ့အမေးကို လွမ်းလည်းအေးဆေးစွာဖြေလိုက်၏။

"ဟုတ်တယ်"

"အလုပ်မသွားရဘူးလား"

"မသွားရဘူး"

"ဒါကြောင့် တုနှိုင်းကာရံနဲ့Dateတယ်ဆိုပါ့တော့"

"အွန်း အဲ့လိုပြောရမယ်"

"အဟက်"

မဲ့ပြုံးပုံစံပြုံး၍ဘာမှဆက်မပြောသောကြောင့် တိတ်ဆိတ်မှုက တစ်ဖန်ကြီးစိုးသွားလေသည်။

"ခုလိုလိုက်ပို့ပေးလို့ ကျေးဇူးပဲ နက်"

"ခင်ဗျား သူ့ကို တကယ်ချစ်တာလား လွမ်းဟိန်းထက်မှူး"

လွမ်းလည်း သူ့အိမ်ရှေ့ရောက်တော့ နက်ကို ကျေးဇူးတင်စကားပြော၍ ကားပေါ်ကဆင်းရန်အတွက် တံခါးဖွင့်မယ်လုပ်တုန်း တစ်စုံတစ်ယောက်မေးလိုက်တဲ့မေးခွန်းကြောင့် ကားတံခါးဖွင့်မည်လက်တွေက လေထဲတွင် ရပ်တန့်သွားရ၏။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora