Arc-2.1 (3 twins)

395 30 9
                                    

2.1

တရေးတမောအိပ်ပြီးနိုးလာတော့ ဒီမှါနေရတာသက်တောင့်သက်သာရှိတာကိုသတိထားမိလိုက်သည်။ ဆိုးတာကသူမျက်လုံးဖွင့်လို့မရပေ။

'30..'
'30'
'30'

<"ရှိပါတယ်host">

30အသံထက် သူနဲ့ပြိုင်တူထွက်လာတဲ့အသံ၂ခုကြောင့်မကျေမနပ်ဖြစ်သွားသည်။

'ဘယ်ကောင်လဲကွ 30 ကိုခေါ်တာ'
'ဘယ်ကောင်လဲကွ 30 ကိုခေါ်တာ'
'ဘယ်ကောင်လဲကွ 30 ကိုခေါ်တာ'

သံပြိုင်ထွက်လာပြန်သည်။

ဒေါသထွက်လာ၍လက်သီးဖြင့်ထိုးဖို့ပြင်လိုက်ပေမဲ့ လွယ်လင့်တကူလှုပ်ရှားမရပေ။

30ကအသက်ဝဝရှူလိုက်ပြီး...
<"စိတ်ထိန်းကြပါHostတို့">

'ဘယ်ကhostတို့လဲ'

ပေါက်ကွဲတော့မတတ်ဖြစ်နေတဲ့အုပ်စုကြားအမြန်ဖြန်ဖြေရန်ပြင်ရ၏။
<"အထက်ကဘာလုပ်ချင်မှန်းမသိပေမဲ့ Hostတို့ရဲ့ဝိဉာဥ်ကို၃ပိုင်းခွဲလိုက်ပါတယ်...အခုက Host ၃ယောက်ကွဲသွားပါပြီ">

30ရဲ့စကားကြားပြီး ဒေါသအထွက်လွန်ကာပြန်အိပ်ပျော်သွားသည်။

<မဟုတ်ဘူးလေ hostတို့ မှတ်ဉာဏ်ယူကြဦးလေ...ခုရောက်နေတဲ့ကမ္ဘာအကြောင်းမှတ်ဉာဏ်ဖတ်ရဦးမယ်လေ>

သတိမလစ်၊အိပ်မပျော်ဘဲကျန်နေတဲ့တစ်ယောက်က..
'ငါ့ကိုမှတ်ဉာဏ်ပေး...အရင်ကမ္ဘာကနေရမဲ့ ရသင့်ရထိုက်တာကိုဟို၂ကောင်နိုးလာမှယူတော့မယ်'

ဝိဉာဥ်၃ပိုင်းက စိတ်ချင်းဆက်သွယ်နေသြော်ငြား အပြုအမူကတော့ကွဲပြားလိမ့်မည်။ အကြောင်းမူကာ ပထမဆုံးကွဲထွက်ခံရသည့်ဝိဉာဥ်သည် ပျော်ရွှင်တက်ကြွမှုကိုကိုယ်စားပြုကာ ဒုတိယကွဲထွက်ခံရသည့်အပိုင်းကဒေါသဖြစ်ပြီး နောက်ဆုံးကွဲထွက်ခံရသည့်အပိုင်းကရက်စက်ခြင်း ကိုကိုယ်စားပြုသည်။ အကုန်လုံးမှာပါရှိနေတဲ့တစ်ခုတည်းသောအရာက မာန်မာနဖြစ်လေသည်။

<ဒီအထက်လူကြီးတွေကဘာလုပ်ချင်နေကြတာလဲ...စိတ်တစ်ခုထဲဖြစ်နေတဲ့ ၁ယောက်ထဲတောင်လုပ်ချင်ရာလုပ်နေတာ စိတ်၃ခု ကိုယ်၃ခုဖြစ်နေတော့ 30ကိုလူဆိုးထိန်းများမှတ်နေတာလား?>

I am A System 30 (series-2) Arc-2Where stories live. Discover now