(13)zawgi

58 8 0
                                    

ကိုယ် အိမ်မက်တစ်ခုမက်ခဲ့တယ်မင်းရယ် ကိုယ်ရယ်က လွဲလို့ ဘာမှမရှိတဲ့ ဗလာဟင်းလင်းပြင်ထဲမှာပေါ့။မင်းကတော့ ပြုံးလို့..... ကိုယ်ထင်တယ် မင်းလက်ကိုဆွဲလို့ ဦးတည်ရာမရှိပြေးနေခဲ့တာ နှောင်ကြိုးတွေမရှိတဲ့ လွင်ပြင်ဆီသို့။မင်းကလည်း ကိုယ့်နောက်ကို ယုံကြည်စွာလိုက်ခဲ့တယ် .....ဒီလိုနဲ့ ခြေလှမ်းပေါင်းများစွာရှေ့ဆက်ရင်း....။ သိပ်ကိုလှတဲ့ အိမ်မက်လေးက နိုးထလာတဲ့အခါ မင်း အသံမဟုတ်တဲ့ အသံတစ်ချို့။ ပြီးတော့ ပြင်းထန်တဲ့ နာကျင်မှုနဲ့ ပိုးသတ်ဆေးအနံ့ပြင်းပြင်းတွေ။ "သတိရလာပြီလား "ကိုယ့်ကို ငုံ့ကြည့်ကာမေးနေတဲ့ လူတစ်ယောက်။ အမျိုးသားတစ်ယောက်ပေမယ့် ကိုယ် တခါမှ မမြင်တွေ့ဘူးတဲ့ လူစိမ်း။ တစ်ချက်ကြည့်လိုက်တာနဲ့ ဥပဓိရုပ်က သာမာန်တော့မဟုတ်ဘူးဆိုတာ သိသာပါတယ်။ "နေခြည်ရော နေခြည်လင်းလက်ရော သူဘယ်မှာလဲ ""စိတ်အေးအေးထားပါ ငယ်လေး ဘေးကင်းစွာရှိနေပါတယ် "မင်းကို ငယ်လေးလို့ ခေါ်တဲ့ အဲ့ဒီလူဟာ မင်းတို့မိသားစုနဲ့ ရင်းနှီးလိမ့်မယ်ထင်တယ်။ "ဆရာဝန်တွေက မင်းကို စစ်ဆေးပေးလိမ့်မယ် ခဏနေ ပြီးရင် ငယ်လေးနဲ့ မင်းကို တွေ့ပေးပါ့မယ် ""ကျွန်မဘာမှ မဖြစ်ပါဘူး ""သေချာရဲ့လား မင်း ဘာဖြစ်သွားတယ်ဆိုတာရော မှတ်မိရဲ့လား ကောင်မလေး ""ကျွန်မတို့ ... ကျွန်မတို့ လမ်းပေါ်မှာ ရှိနေတုန်း ကားတွေရောက်လာပြီးတော့ ......"တဖက်က ပိုနီးလာတဲ့ ကားတွေမရောက်ခင် လူမိုက်အချို့ကို ခုခံရင်း သူတို့ ဒါဏ်ရာရခဲ့တယ် ပြီးတော့ တဖက်နဲ့ တဖက် အပြန်အလှန်ပစ်နေတဲ့ကြားမှာ နေခြည့်နဲ့ ကိုကိုကြီးဆီ ဦးတည်တဲ့ ကျဉ်ဆန်တွေရောက်လာခဲ့တာ သတိရမိသည်။ လွင် နောက်ဆုံးမှတ်မိတာက နေခြည့်ကို အုပ်မိုးကာကွယ်ရင်း သူမဆီတည့်တည့်ထိလာသည့် ကျဉ်ဆန်များ။ နောက်တော့ နာကျင်မှုနှင့်အတူ နေခြည့်မျက်ရည်များကြား သတိမေ့သွားခဲ့တာပဲ။ အဲ့တာကြောင့် နောက်ကျောနဲ့ ဝမ်းဗိုက်ပိုင်းမှာ နာကျင်နေတာကိုး။ "နေခြည်ဘာမှမဖြစ်တာ သေချာရဲ့လားဟင် ""အင်း မင်းကာကွယ်ပေးခဲ့လို့ ငယ်လေးဘာမှမဖြစ်ပါဘူး ... ဒါပေမယ့် ""သူ့ကိုတွေ့ချင်တယ် ကျွန်မသူ့ကို မြင်ရတွေ့ရမှဖြစ်မှာ "ဆရာဝန်တွေရောက်လာပြီးတော့ လွင့်ကို စမ်းသပ်ပေးခဲ့ကြတယ်။ စိတ်လောနေတဲ့ လွင်ကိုယ်တိုင်ကတော့ မှာကြားချက်တွေ တစ်ခုမှ နားထဲမဝင်။ စမ်းသပ်လို့ပြီးပါပြီလို့ ဆရာဝန်ကြီးရဲ့ စကားအဆုံးမှာ ကုတင်ပေါ်က ခုန်ဆင်းလိုက်ပြီး နေခြည်ရှိရာကို ဦးတည်ဖို့သာ။"နေဦးလေ ငယ်လေးဘယ်မှာရှိမှန်း မင်းမသိဘူးမလား ""မြန်မြန်လိုက်ပို့ပါ "လွင်ရှိနေတဲ့ အခန်းထဲကနေ အပြင်ကို ထွက်လိုက်မှ မြင်လိုက်ရသည့် အပြင်အဆင်တွေကြောင့် ပိုတောင် အံ့ဩသွားရသည်။ မှောင်မဲပြီး သဘာဝအလင်းရောင်မရှိတဲ့ အဆောက်အဦးတစ်ခုထဲမှာ မှိန်ပျပျ မီးချောင်းတွေ ထွန်းထားတဲ့ လမ်းကျဉ်းလေးအတိုင်းသူတို့လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွေ့ရတဲ့ အခန်းငယ်တွေဟာ ပိတ်လျှက်သား။ မြေအောက်ခန်းလို့ ယူဆရတဲ့ နေရာကနေ လှေကားတစ်စင်းကိုရောက်တဲ့အခါ အနက်ရောင်ဝတ်စုံဝတ်ထားပြီး သေနတ်အရှည်တွေကိုင်ထားသည့် လူတစ်ချို့ပိတ်ရပ်နေကြသည်။ လွင့်ကို‌ ခေါ်လာပေးတဲ့ အမျိုးသားကို မြင်တော့ ခေါင်းညွှတ်ကာ အရိုအသေပေးကြကာ လှေကားအတိုငးခေါ်ဆောင်ပေးသွားသည်။ မှန်နံရံတွေကာရံထားသည့် အခန်းကျယ်ကြီးတစ်ခုကို ရောက်တဲ့အခါ အခန်းထဲမှ လူတစ်ယောက်ထွက်လာသည်။ ဂျူတီကုတ်အဖြူရောင် ဝတ်ထားပြီး ဆရာဝန်သုံးနားကြပ်ကို လည်ပင်းမှာ ချိတ်ဆွဲထားလျှက်...."ရောက်လာပါပြီလား ဆရာ "လွင်နဲ့ ပါလာသူကို ဆရာလို့ခေါ်ပြီး ဦးညွှတ်နှုတ်ဆက်ပြန်သည်။ ဒီလူက အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ရမည်။ "ကလေးတွေ ဘယ်လိုနေသေးလဲ ""အကိုလေးက မေ့ဆေးပြယ်ဖို့ နာရီဝက်လောက်လိုပါသေးတယ် ...အင်း မမလေးကတော့ နောက်တစ်ကြိမ် ဆေးထပ်ထိုးထားရတာမို့ ""ဖြစ်နိုင်ရင် ဆေးတွေမထိုးနဲ့တော့" "ဟုတ်ကြိုးစားပါသေးတယ် ဒါပေမယ့် သတိရလာတိုင်း ထိန်းမရတာမို့ ကြာရင် ပိုပြီးဆိုးလာမှာစိုးလို့ပါ ""အင်းပါ သူ့အစ်ကိုသတိရလာရင်တော့ အခြေအနေကတစ်မျိုးဖြစ်လာနိုင်တယ် ....ငါတို့ ခဏလောက် ဝင်သွားလို့ရမလား ""ရပါတယ် ဆရာ "လွင်တို့ နှစ်ယောက်လုံးကို ပိုးသတ်ထားသော ဝတ်စုံများနှင့် လိုအပ်သည်များ ပြင်ဆင်ပေးပြီးမှ အခန်းထဲကို ဝင်ခွင့်ပြုသည်။ အဖြူရောင်လိုက်ကာများကာရံထားသော အခန်းတွင်းထဲရောက်သည်နှင့် ကုတင်ပေါ်၌ လှဲလျောင်းနေသည့် နေခြည်ငယ်။ ငယ်လေးက ထိခိုက်ဒါဏ်ရာကြီးကြီးမားမားမရပေမယ့် အားလုံးကို သိသွားပြီးနောက် စိတ်ထိခိုက်သွားတယ် သတိရလာတိုင်း သောင်းကျန်းတတ်တာမို့ ဆရာဝန်တွေက စိတ်ငြိမ်ဆေး ထိုးပေးထားရတယ် လွင် ဝမ်းနည်းမှု့ကြောင့် ဘာမှမပြောနိုင်ဘဲ ကုတင်နားသွားကာ နေခြည့်လက် သွယ်သွယ်လေးတွေကိုပဲ ဆုပ်ကိုင်ထားမိသည်။ ဘယ်လောက်တောင် ကြောက်နေလိမ့်မလဲ ဘယ်လောက်တောင် ဝမ်းနည်းပြီး လက်မခံနိုင်ဖြစ်နေလိမ့်မလဲ မတွေ့ရတဲ့ အချိန်တွေမှာကိုမျက်နှာလေးက ချောင်ကျသွားပြီး မျက်ခမ်းစပ်တွေဆို ရဲတောက်နေတာ ဘယ်လောက်တောင် ငိုထားခဲ့ရလို့လဲ။ လွင် နေခြည့်နားမှာ ရှိနေတုန်းပဲ နောက်ကပါလာသည့် အမျိုးသားက အခန်းထဲက တစ်နေရာကို လျှောက်သွားသည်။ ထိုအခါမှ လွင် သတိထားမိသည်။ ခပ်လှန်းလှန်းမှာ ရှိနေသည်က ကုတင်ပေါ်မှာ ရှိနေသည့် နေခြည့်ကိုကို။ ခေါင်းမှာ ပတ်တီးကြီးကြီးတစ်ခုစီးထားပြီး အသက်ရှုပိုက်တွေနဲ့ ကိုယ်အနှံ့မှာလည်း ဆေးပိုက်တွေက ရှုပ်ရှပ်ခတ်နေသည်။ လွင့်ကို ခေါ်လာသည့် အမျိုးသားက ကိုကိုကြီးကို တစ်ချက်ကြည့်ပြီး ကိုယ်ပေါ်က စောင်ကို ဆွဲခြံပေးလိုက်သည်။ ထို့နောက် လွင် ရှိရာသို့ ပြန်လာပြီး ....."ညီထွေးက ခေါင်းကိုသေနတ်မှန်သွားသေးတယ် ....ခွဲစိတ်တာအဆင်ပြေပါတယ် ""သူတို့ကို....... သူတို့ကို ဘယ်သူတွေက လုပ်တာလဲ ""ဘယ်သူက တရားခံဆိုတာရှင်းပြဖို့ခက်တယ် .... သူတို့က တစ်ယောက်တည်းလည်းမဟုတ်ကြဘူး ""ရှင် သူတို့ကို တစ်ခုခုပြန်လုပ်ရမယ်မဟုတ်လား ""အဲ့တာ ကိုယ့်တာဝန်ပါ ... ပြောချင်တာက မင်း ....မင်းက ငယ်လေးသူငယ်ချင်းဆို စိတ်တော့မဆိုးနဲ့ ကိုယ်မင်းအကြောင်း မင်းမိသားစုအကြောင်းစုံစမ်းထားတယ် ...သာမန်မိသားစုလေးကနေ ဒီလိုအရှုပ်အထွေးထဲ ရောက်လာရတာ ကိုယ်လည်း စိတ်မကောင်းပါဘူး ငယ်လေး သိရင်လည်း လက်ခံနိုင်မှာ မဟုတ်ဘူး အဲ့တော့ ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် ... ဒီကနေ ထွက်သွားရင် ဘာမှမဖြစ်ခဲ့သလိုနေပါ စစ်ဆေးမေးမြန်းတဲ့ ကိစ္စတစ်ချို့ရှိလားနိုင်ပေမယ့် အမှန်အတိုင်းပြောလို့ရတယ်"........"မင်းကြုံခဲ့ရတဲ့ ကိစ္စအားလုံးကို အမှန်အတိုင်းပြောလိုက်ပါ .... တစ်ခုတော့ တောင်းဆိုပါရစေ ဒီနေရာကို ရောက်ခဲ့တယ် ဆိုတာနဲ့ ငယ်လေးတို့ကို တွေ့ခဲ့ရတယ်ဆိုတာကို မပြောပါနဲ့ ကားတိုက်မှုမှာ ငယ်လေးတို့ကို နောက်ဆုံးတွေ့ခဲ့ရတယ်ဆိုတာပဲ ပြောပေးပါ တောင်းဆိုပါတယ် ငယ်လေးရဲ့ သူငယ်ချင်းအနေနဲ့ နောက်ဆုံးတစ်ခါလေးပဲ ကူညီပါ .... မဟုတ်ရင်တော့ မင်း အသက်အတွက် ကိုယ်လည်း အာမမခံနိုင်ဘူး "နဂိုကမှ ဇာတ်ရည်မလည်ရတဲ့အထဲ ပိုမိုရှုပ်ထွေးလာတာမို့ လွင် ဘာကိုမှလည်း မေးမနေချင်တော့ပါ။ သူသိတာ တစ်ခုတည်း အခုချိန်မှာ ချစ်ရသူဟာ အန္တာရယ်တွေ ပတ်လည်ဝိုင်းလျှက်။"ရှင်ကသူတို့ကို ကာကွယ်ပေးနိုင်လို့လား"လွင် လူစိမ်းရဲ့ မျက်နှာကို တည့်တည့်ကြည့်ကာမေးလိုက်သည်။ ခပ်ရေးရေးပြုံးလိုက်တဲ့ အပြုံးတစ်ပွင့်နဲ့ ကုတင်ပေါ်မှာ ရှိနေသည့် မောင်နှမနှစ်ယောက်ကို တလှည့်စီကြည့်ပြီး သက်ပြင်းချလိုက်တဲ့ ထိုအမျိုးသားထံမှာ စိုးရိမ်ခြင်းတွေနဲ့အတူ မသေချာခြင်းတွေကိုပါ လွင် အကဲခတ်မိလိုက်သည်။"ကိုယ် အတတ်နိုင်ဆုံးကြိုးစားမှာပါ သူတို့မှာ ကိုယ်ပဲရှိတော့တယ်"လွင် အခန်းကျယ်တစ်ခုထဲမှာ ထိုင်နေစဉ် အတွေးတို့က ယောက်ယက်ခတ်လျှက်။ မေမေတို့ မမတို့နဲ့လည်း အဆက်သွယ်ပြတ်သွားတာ နှစ်ဆယ့်လေးနာရီကျော်ပြီ။ ဘာပဲပြောပြော လွင့်ကို စိတ်ပူနေကြမှာပဲ။ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ နေခြည်ရယ်အသွားနှစ်ဖက်ရှိတဲ့ ဓါးသွားကို ကိုင်ထားရသလိုမျိုးပဲ။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ကိုယ်ရွေးချယ်လိုက်တဲ့ တစ်ခုက နောင်တတွေရှိနေမှာလည်း ကြောက်မိပါရဲ့။"ကိုယ် မင်းကို အံ့ဩတယ်"ဘေးနားကို လာရပ်တဲ့ ထိုလူ။ လက်ထဲမှာလည်း ကော်ဖီတစ်ခွက်။ လွင့်ကို ကမ်းပေးလာရင်း ဘေးမှာ ဝင်ထိုင်လိုက်သည်။"ပုံမှန်ဆို အခုနကတည်းကဒီနေရာကနေ ထွက်ပြေးသွားကြပြီ မင်းက ဘာတွေတွေဝေနေတာလဲ"တွေဝေစရာနှောင်ကြိုးမျှင်က နေခြည်ဆိုတဲ့ ကောင်မလေးတစ်ယောက်ထဲပါလို့ လွင် ထုတ်မပြောဖြစ်တော့။"မင်းက ငယ်လေးရဲ့ သာမာန်သူငယ်ချင်းတော့ မဖြစ်နိုင်ဘူး"တစ်ယောက်တည်းဖြစ်နေတဲ့ စကားဝိုင်းကို ဆက်နေတဲ့ ထိုလူ။"ငယ်လေးက ရိုးစင်းတယ် ဖြောင့်မတ်တယ် သူတို့မောင်နှမနှစ်ယောက်လုံးက သူတို့ အဖေလိုပဲ ဒါကြောင့်လည်း တစ်ဖက်က ကောက်ကျစ်လာတဲ့ အခါ အလွယ်တကူပဲ ရှုံးခဲ့ကြတယ်""နေခြည့်ကို အဝေးကို ခေါ်သွားချင်တယ် အားလုံးနဲ့ ဝေးရာဆီ"လွင် ကိုယ်တိုင် သတိမထားမိဘဲ နှုတ်မှ ထွက်လာသည့် စကားတစ်ခွန်းကြောင့် ထိုလူက ဆတ်ခနဲ လှည့်ကြည့်လာသည်။ ပြီးမှ ခပ်ဖွဖွ ရယ်ရင်း။"အဲ့ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး ယုံလိုက် ကိုယ်စမ်းပြီးပြီ"ကျွန်မ သူ့ကို ကောင်းကောင်းကာကွယ်နိုင်ပါတယ် လို့လည်း လွင် ကတိမပေးရဲ။ နိုင်ငံတော်အဆင့် လုံခြုံရေးရထားပါသော ဝန်ကြီးချုပ်ကိုတောင် လုပ်ကြံရဲတာ လွင့်လို သာမန် မိန်းကလေးတစ်ယောက်က နေခြည့်ကို စောင့်ရှောက်မယ်ဆိုတော့ ထိုလူမပြောနဲ့ ကိုယ်တိုင်တောင် ယုံကြည်ချက်မရှိ။"ဘယ်လိုလုပ်ရင်ရမလဲ"လွင်တကယ်သိချင်တယ်။ ပြဿနာရှိရင် အဖြေရှိမယ်မဟုတ်လား။ တတ်နိုင်သမျှ လွင် ကြိုးစားချင်သေးသည်။"နည်းလမ်းက ရှိတယ်.... မင်းသာ ဆုံးဖြတ်ချက်ချရဲရင်ပေါ့ နည်းလမ်းက ရှိပြီးသား"လွင့်နဲ့ အကြည့်ချင်းဆုံသွားသော အမျိုးသားက စူးစိုက်ကြည့်ရင်းပြောလာသည်။ အဓိပ္ပါယ်အများကြီးပါဝင်သော အပြုံးတစ်ချက်ပေးကာ လွင့် ပခုံးကို ပုတ်ပြီး ထွက်ခွာသွားသောသူ။"လုပ်မယ် ဘာပဲဖြစ်ဖြစ်လုပ်မယ်လို့"မလှန်းမကမ်းရောက်နေပြီဖြစ်သော ထိုလူသည် လွင့် အော်သံကြောင့် ပြန်လှည့်ကြည့်လာသည်။"နေခြည့်ကိုသာ ကာကွယ်နိုင်ဖို့ဆိုရင် ဘာမဆိုလုပ်မယ်လို့ပြောတာ"အသံလုံနေသော မြေအောက်ခန်းမှာ လွင့် အသံက ဟိန်းထွက်လာ၏။ဤအချိန်မှာ လွင်ဘာကိုမှ မတွေးမိတော့။ မဟုတ်ဘူး မတွေဝေတော့တာလို့ပြောရင် ပိုမှန်မည်။မုဆိုးမဘဝနှင့် သူမကို ကျွေးမွေးစောင့်ရှောက်လာပါသော မေမေ့ကိုရော...အခုမှတွေ့ဖူးတဲ့ လူစိမ်းကို ယုံသင့်မယုံသင့် ဆိုတာကိုရောယုတ်စွအဆုံး ရှေ့ဆက်ရမယ့် ကိုယ့်အနာဂတ်ကိုတောင် လွင် မတွေဝေမိတော့။အားလုံးသည် ဖြစ်သင့်ဖြစ်ရာပဲဆိုရင်တောင် သူချစ်သော မိန်းကလေးကတော့ သေချာပေါက် ရှေ့ဆက်ဘဝ ခရီးလမ်းမှာ ချောမွေ့ပြီး ဘေးကင်းရန်ကင်းနဲ့ လိုရာပန်းတိုင်ရောက်ဖို့လိုသည်။ကိုယ့်ရဲ့ အရာရာနဲ့ ယှဉ်လိုက်ရင် အဲ့ဒီအရာရာကတောင် မင်းဖြစ်နေတာပဲ နေခြည်ရယ်"ဒါဆို ကိုယ်တို့တွေ တလှေတည်းစီးတဲ့ မိတ်ဆွေတွေဖြစ်သွားပြီမလား""ရှင် နေခြည့်ကို အန္တာရယ်မပေးသရွေ့ပေါ့""ဟား ဟား ဟုတ်ပါပြီဗျာ ဒါနဲ့ မင်းမသိလောက်ဘူးထင်လို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ရဦးမယ် ကိုယ့်နာမည် သမိုင်းဦးတဲ့ ဒေါက်တာသမိုင်းဦး"ကိုယ်လိုချင်ခဲ့တာမဟုတ်ဘူး .....ရွေးချယ်ခွင့်မှရှိခဲ့တာလည်းမဟုတ်ဘူး မြတ်နိုးရသူတစ်စုံတစ်ယောက်အား ကာကွယ်ဖို့ မငြီးမငြူတိုးဝင်ခဲ့ရုံပါ...မင်းအတွက်ဆို အမှောင်တွေကိုတောင် မကြောက်ဘူး .... မီးပုံထဲလည်း ခုန်ဆင်းရဲတယ် နေခြည်ငယ် အဲ့လောက်ထိ မင်းက ကိုယ့်အတွက် အရေးပါတဲ့ တဦးတည်းသော ........ဖြစ်နေလို့ပါ။ A/N- မီးပျက်နေလို့ ကြွေးကျန်ဖြစ်သွားတယ် နောက်တပိုင်းဆက်တိုက်လာပါမယ်နော် ။ အောက်ကစာလေးလည်းဖတ်ပေးပါဦး။ တတိုင်းမွှေး(3/12/22)ဝန်ခံချက်ကျွန်မ တတိုင်းမွှေးရေးသားသော ရွှေခြည်ကြိုးဆွဲရာ ဝတ္ထုတွင် ပါဝင်သည့် ဇာတ်ကောင်များ၊ ဇာတ်ကောင်အမည်များ၊ အသင်းအဖွဲ့များနှင့် အရပ်ရပ်သော အကြောင်းအရာများသည် ဖြစ်ရပ်မှန်နှင့် လုံးဝ(လုံးဝ)သက်ဆိုင်မှုမရှိဘဲ စာရေးသူ ကျွန်မ(တတိုင်းမွှေး)၏ စိတ်ကူယဉ်ဖန်တီးမှုများသာ ဖြစ်ပါကြောင်း ဝန်ခံ အသိပေးအပ်ပါသည်။ တိုက်ဆိုင်မှုများရှိလျှင် ခွင့်လွှတ်ကြပါရန်နှင့် ဤဝတ္ထုတွင် ပါဝင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိလိုသည်များ၊ မေးမြန်းလိုသည်များ၊ လက်ခံနိုင်ဖွယ်မရှိဟု သတ်မှတ်ထားသည်များကို စာရေးသူထံသာ တိုက်ရိုက် ဆက်သွယ်ပြီး ဖြေရှင်းကြပါရန် တောင်းဆိုအပ်ပါသည်။..............................................................

ရွှေချည်ကြိုးဆွဲရာ(GL)Donde viven las historias. Descúbrelo ahora