They are not human(Into)
တစ်နေ့မှာတော့ ဝမ့်ချင့်သည် ထူးဆန်းသည့်အဆောက်အအုံ၏ခေါင်မိုးထပ်ပေါ်သို့ ဆွဲခေါ်ခံလိုက်ရသည်။
အဲဒီမှာ သူက လူသားနှင့်မတူအောင်လှပလွန်းတဲ့အသင်းဖော်တွေကို ရုတ်တရက် ရရှိခဲ့သည်။
သူက အဲဒီအသင်းဖော်တွေက ဘာကြောင့် သူ့ကို အနည်းငယ်ထူးဆန်းနေသလိုကြည့်နေကြသလဲဆိုတာ မသိခဲ့ဘူး။
"မင်းက ဘာလဲ?"
"ငါ?ငါ..က လူသားတစ်ယောက်ပါ"လို့ဝမ့်ချင့်က အသံတိုးတိုးနှင့်ပြန်ပြောလိုက်တယ်။
ဒီစကားပြန်ပြောလိုက်တာနှင့် အသင်းဖော်တွေက သူ့ကို ပို၍ပင်ထူးဆန်းစွာကြည့်လာကြသည်။
ဝမ့်ချင့် "???"
ဘာလဲ???မင်းတို့ကလည်း လူသားတွေဘဲ မဟုတ်လား?
နောက်တော့...ဝမ့်ချင့်သည် သူတို့က တကယ်ကိုဘဲ လူသားတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
.......
ပထမမြေအောက် အကျဉ်းထောင်ကို ဖြတ်ပြီးချိန်မှာတော့ ဝမ့်ချင့်သည့် ထူးဆန်းသည့်BUFFတစ်ခုကိုရရှိခဲ့တယ်။
(BUFF:ဂိမ်းထဲမှာ BUFFဆိုတာက ဇာတ်ဆောင်ရဲ့ထူးခြားချက် ရောင်ဝါကို မြင့်တင်ပေးတဲ့ ဇာတ်ဆောင်အပေါ်အကျိုးရှိစေတဲ့အရာတစ်ခုဖြစ်တယ်)
စနစ် : "လူသားမဟုတ်တဲ့သတ္တဝါတွေအားလုံး မင်းရဲ့*****အပေါ်အထင်အမြင်ကောင်းတစ်ခုရှိလိမ့်မယ်"
"****ကဘာကိုဆိုလိုတာလဲ?"ဝမ့်ချင့်က သတိထားပြီးမေးလိုက်တယ်။
စနစ် : "အဲဒါက *****"
ဆင်ဆာဖြတ်ထားတာလား?
ဆင်ဆာဖြတ်ထားတာမှန်ရင် ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး။
ဝမ့်ချင့် : "ဒီထူးဆန်းတဲ့BUFFကို မလိုချင်လို့မရဘူးလား?"
စနစ် : "အဆင့်မြင့်မုဆိုးတွေက သားကောင်ပုံစံနဲ့ပေါ်လာတတ်တယ်"
ဝမ့်ချင့် :"ငါက အမြင့်မြတ်ဆုံးမုဆိုးလား?"
စနစ် : "မင်းက အရသာအရှိဆုံးသားကောင်ဘဲ"