"မင်း......ငါ့ကိုကြိုက်နေတာလား..."
Arthur ရဲ့အမေးစကားကြောင့်သူ့ရဲ့
ခြေလှမ်းတွေရပ်တန့်သွားတဲ့နောက်
Arthur ရဲ့ခြေလှမ်းတွေကလဲ
ထိုနည်းတူပင်...။ဘေးကကောင်လေးကတော့သူ့ကို
သိချင်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်..။
အဲဒီမေးခွန်းမျိုးကို ဒီလိုရုတ်တရက်ကြီး
မေးလာလိမ့်မယ်လို့သူမထင်ထား....။
Arthur ကသူ့ရဲ့ခံစားချက်တွေကိုသိ
နေလိမ့်မယ်လို့လဲမထင်ထားဘူးကို..။
ရုတ်တရက်မို့ သူဘယ်လိုတုန့်ပြန်ရမလဲ
မသိဘူး....။"ထားပါတော့...ငါကဒီတိုင်းမေးလိုက်တာ."
သူ့အမေးစကားကိုကြားပြီးငြိမ်ကျသွားတဲ့
Kevin ကြောင့်သူ့မေးခွန်းကဖြေရခက်
တဲ့မေးခွန်းမျိုးဆိုတာကိုသတိရသွားပြီး..
ဒီတိုင်း ကျော်သွားဖို့ဆုံးဖြတ်လိုက်သည်...။ဆုံးဖြတ်ချက်ချပြီးလမ်းဆက်လျှောက်ချိန်..
"ဟုတ်တယ်..ငါမင်းကိုသဘောကျနေတာ..
Arthur.."သို့သော်တစ်ဖက်ကပြန်ဖြေသံကိုကြားလိုက်ရ
တဲ့အချိန်မှာ ခြေလှမ်းတွေရပ်တန့်သွားရတဲ့
သူကသူဖြစ်သွားခဲ့သည်...။"ငါမင်းကိုသဘောကျတယ်..Arthur..။
အဲဒါထက်တောင် ပိုကောင်းပိုနေနိုင်သေး
တယ်.."Kevin ကိုကြည့်တော့ တကယ့်ကို
လေးလေးနက်နက်ကိုပြောနေတာ...။
အဲဒီလိုကျတော့ သူကမနေတတ်တော့..။"အာ...ငါကဒီတိုင်း..စပြီးမေးလိုက်တာ
လေကွာ....အဲဒီလို လေးလေးနက်နက်
ကြီးဖြေစရာမလိုပါဘူး..မင်းကလဲ..""ငါတကယ်ပြောနေတာ..Arthur..။
ငါမင်းကို...ချစ်တယ်..."Kevin့ ဆီကထပ်ကြားလိုက်ရတဲ့
စကားလုံးကြောင့်သူ့ရင်ထဲ ဒိတ်ခနဲ ပဲ....။
Kevin ကသူ့ကိုသဘောကျနေတာကို
ရိပ်မိတယ်ပဲပြောပြော...ဒီလိုရုတ်တရက်ကြား
လိုက်တော့ စိတ်ကအဆင်သင့်ဖြစ်မနေ
သေးဘူး...။"မင်း...အခု ငါ့ကိုဖွင့်ပြောနေတာလား.."
"အင်း..."
YOU ARE READING
အတိတ်ပုံပြင်[COMPLETED]
Fanfictionကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။ ကောင်လေးနှစ်ယောက်ရဲ့အတိတ်ဘဝက ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်..။