💔Part_29💔

1.1K 92 18
                                    

မပြီးပြတ်သေးတဲ့ အချစ်ဇာတ်လမ်းအတွက်
ပြန်မွေးဖွားလာကြသည့်အခါ ~

ဖျပ် ဖျပ် ဖျပ်

နက်မှောင်ပြောင်လက်နေသည့် ကားတစ်စီးဟာ ငြိမ့်ငြိမ့်လေးမောင်းနှင်လာရာမှ အနီရောင်ကော်ဇော အစွန်းတွင် ရပ်လိုက်လျှင်ရပ်လိုက်ချင်း ကင်မရာမီးများဟာ ဝင်းဝင်းတောက် ထွက်ပေါ်လာသည်။ထိုကားပေါ်မှ
ဘယ်သူဘယ်ဝါ ဆင်းလာမယ်မှန်း ကြိုသိနေသော သူတို့မှာ ကြိုဆိုရန် အပေါက်ဝသို့ ပြေးထွက်လာကြသည်။

ကားတံခါးပွင့်သွားတာနဲ့ ပထမဆုံး မြင်လိုက်ရတာက ကော်ဇော်နီပေါ် ချလိုက်သော နက်ပြောင်နေသည့် leather shoeဖိနပ်တစ်စုံ။
Branded အင်္ကျီဖြစ်တဲ့ suitကို ဝတ်ဆင်ထားကာ တည်တင်းသော မျက်နှာနှင့် ထိုလူက ကော်ဇော်နီပေါ်ကို တစ်လှမ်းချင်း လျှောက်လာသည်။အနည်းငယ် ကောက်ချင်နေသော ဆံပင်ရှည်တို့အား ရှေ့ဘေးဘက်နှစ်ဖက်တွင် အနည်းငယ်ခွဲချထားကာ နောက်ကဆံပင်တို့အား စည်းက်ြုးဖြင့်စည်းထားသောကြောင့် ထင်းနေသော မေးရိုးက ဆွဲဆောင်မှုရှိလှသည်။တည်တံ့သော မျက်နှာထားနှင့်အတူ စူးရှနေသည့် မျက်လုံးဝိုင်းတို့ကလည်း ရူးလောက်စရာကောင်းအောင်ပင်ဖြစ်သည်။အဆုံးစွန်ပြောရရင် ထိုယောင်္ကျားဟာ သိပ် ချောသည်။သိပ်ပြီးပြည့်စုံသည်။သူရဲ့ အရှိန်အဝါ၊ဂုဏ်၊နာမည်၊အရည်အချင်းတွေဟာ သူများတွေလက်ဖျားခါ ဩချလောက်အောင် အဘက်ဘက်မှာ ပြီးပြည့်စုံစွာ မွေးဖွားလာသည့် သူက မိန်းကလေးများရဲ့ ပါးစပ်ဖျားတွင်လည်း trend no 1နေရာတွင်အမြဲရှိနေခဲ့သည်။

"ကြိုဆိုပါတယ် မင်းသား"

သူ့ရဲ့ မန်နေဂျာဟုထင်ရသော တစ်ယောက်က နှုတ်ဆက်ကာ ပွဲအတွင်းသို့ ခေါ်သွားသည်။

သူရောက်လာပြီဆိုတာနဲ့ ပွဲအတွင်းက အမျိုးသမီးများသာမက အမျိုးသားများပါ
လှည့်ကြည့်လာကြသည်။

တီးတိုးပြောဆိုသံများထွက်ပေါ်လာကာ
ထိုယောင်္ကျားဆီမှ အကြည့်မခွာနိုင်ဖြစ်နေကြသည်။ကြည့်ရုံပဲ ကြည့်နိုင်ကာ
စကားသွားမပြောရဲကြသည်က ထ်ုယောင်္ကျားရဲ့ အမြဲတည်တင်းနေသော မျက်နှာအနေအထားကြောင့်ရော၊သတင်းထွက်သည့်အတိုင်း မာနကြီးသည်ဟု ထင်နေသောကြောင့်ပင်။

More Than LifeWhere stories live. Discover now