(၁)

451 26 0
                                    




(Unicode)

တောင်တန်းတွေ ဝန်းရံကာ နှင်းမြူတွေ အုံမှိုင်း လုိ့ကျေးဌက်တီးတိုးသံလေးတွေနဲ့ ​ြပ​ည့်နှက်နေသော သူတို့ရွာရဲ့ မနက်ခင်းဟာဆိုရင် အင်မတန်မှလှလွန်းပါတယ်

''သားထယ် ''

''ဗျာ ''အမေ

''ဘယ်သွားမလို့တုန်းကွယ် ''

မနက်အစောကြီး မလုိင်းလေးကို လွယ်ကာ အခန်းထဲမှ ထွက်လာသောသူတစ်ယောက်အား အမေကမေးချေသည်။

ခရမ်းချဉ်သီး သွားခူးမလို့ပါအမေ

''အို... စောစောစီးစီးကို ကွယ် ''

မစောတော့ဘူးအမေ သားသွားတော့မယ်

''အဲဆိုလည်း မနက်စာစားသွားလေ ''

တော်ပြီ မစားတော့ဘူး သွားတော့မယ်

ဟဲ့! !

သွားပြီ ..သွားပြီ!

ဆိုပြီး ပလုိင်းကို လွယ်ကာ အတင်းအော် ပြီးပြေးထွက်သွားသူအား အမေဖြစ်သူမှာတော့ အပြောတွေနဲ့သာကျန်ရစ်လေသည်။

''အော်.. ဒီကလေးနှယ် တယ်ခက်ပါလားအေ''

ထိုအခါဝယ် အိမ်ပေါ်ကဆင်းလာသောဉီးမင်းဟန်ကြီးက

''မနက်စောစောစီးစီး ဘာဖြစ်နေတာလဲ
နန်းကလျာရာ ''

ဘာဖြစ်ရမှာတုန်းအေ တော့သားပေါ့!
ပြောလိုက်ရင် နားထောင်မယ်ဆိုတာမရှိဘူး

ဘယ်သူလဲ?

ဘယ်သူရှိရမှာတုန်း တော့လိုခေါင်းမာတဲ့လူပေါ့!

ဟုဆိုပြီး ဉီးမင်းဟန်အားမျက်စောင်းတစ်ချက်ထိုးကာပြောလိုက်သည်။

အကြောင်းမှာက...
ဒေါ်နန်းကလျာရာထယ်သည် ဉီးမင်းဟန် နည်းတူပြောရင် ဂွကျကျနိုင်တဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားသည်မို့ သားကိုပြောမရလျှင် အဖေကိုပါ ဆွဲဆွဲထည့်ပြီးပြောလေ့ရှိတာကြောင့် ဉီးမင်းဟန်အတွက်တော့ဒါက ထူးမဆန်းတော့ချေ။

အဏဝါထယ်လား?

ဟုတ်တယ်တော့ ဟုတ်တယ် အခုလည်း
မနက်စာတောင်မစားဘဲ ခရမ်းချဉ်သီးခူးမယ်ဆိုပြီးထွက်သွားတယ်လေ!

တောင်တန်းမြေမှချစ်သက်သေ~~~Where stories live. Discover now