ရင်ခွင်{၀၅}

908 116 16
                                    




________________________________________________________________________________________________________________________________________________________________



ဂုဏ့် မှာငယ်ငယ် ကတည်းကဖက်ခွလာသည့် ဖက်ခေါင်းအုံးရှည်တစ်ခုရှိပါသည်။

သူများ‌ဖက်လုံးတွေက ထိပ်မှာလည်းလုံးလုံး အောက်မှာလည်းလုံးလုံးမဟုတ်လား။ဒါပေမယ့် ဂုဏ့်ဖက်လုံးကတော့ ဖင်ကရိုးရိုးပုံပေမယ့် ခေါင်းက အလုံးမဟုတ်ပါ။ချိုချဉ်သကြားလုံးတွေလို ထိပ်မှာလိမ်ထားတဲ့ပုံ အပွင့်ကလေးနဲ့။မြင်အောင်ပြောရရင် နာနတ်သီးကို ခပ်ရှည်ရှည်ဖြစ်အောင် ဆွဲဆန့်ထားတာနဲ့တူတာပေါ့။ပြီးတော့ အပေါ်နဲ့အောက်လည်းမမှားတော့ဘူးလေ။

အဲ့ဒီနာနတ်သီးဖက်ခွလုံးမရှိရင် ဂုဏ်အိပ်မပျော်ပါ။ခွကိုခွရမှ။ဒါပေမယ့် ချစ်လှစွာသော ဖက်လုံးနဲ့ ဂုဏ်ဟာမိုးလင်းတဲ့အထိတော့ လည်း ဘယ်တော့မှ ပူးတွဲမနေနိုင်။အိပ်ပျော်သွားပြီဆိုတာနဲ့ ဂုဏ်နဲ့ ဖက်ခွလုံး အိုးစားကွဲပြီ။ရောက်ချင်ရာရောက် ကန်ထုတ်ပစ်လိုက်တာပဲ။

နိုးလာရင် တစ်ခါပြန်ရှာပြီးခွသည်။

အခုလည်း အိပ်ရာကအနိုးမှာ အကျင့်ပါနေသည့်အတိုင်း မျက်လုံးကိုမဖွင့်ပဲ ‌လှမ်းခွလိုက်ပေမယ့် အရင်လို အိစက်သော ခပ်လုံးလုံးအရာပေါ် ခြေထောက်က ရောက်မသွား။မွေ့ရာပေါ်ကိုသာ ဘုတ်ခနဲပြန်ကျတော့မှ မျက်လုံးကိုဖွင့်ကြည့်မိသည်။

အိပ်ရာကြီးက ဘာလို့ကျယ်နေတာပါလိမ့်....

ဪ.....

ဟုတ်သားပဲ....

ဒီအခန်းထဲမှာ အရင်လို တစ်ယောက်ထဲနေတာမှမဟုတ်တော့တာ...

အခန်းထောင့်ဗီရိုကျယ်ကြီးထဲ ဂျောင်ထိုးသိမ်းဆည်းခံလိုက်ရပြီ ဖြစ်သော နာနတ်ပွင့်ဖက်လုံးလေးကို သတိရတမ်းတစွာ ဂုဏ်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိပြီး မွေ့ရာကျယ်ကျယ်ပေါ် နှစ်ပတ်သုံးပတ်လှိမ့်ပစ်လိုက်မိသည်။

အဲ့ဒါ သူပေါ့.... သူ.....

အရင်နေ့က မွေ့ရာကြီးလာထည့်ရင်း ဖက်လုံးလေးကို သူသိမ်းဖို့ပြင်နေတော့ ဂုဏ်တားချင်သေးသားပဲ။

ရင်ခွင်အရိပ်မှာWhere stories live. Discover now