'Park Jayက ခုချိန်ထိသူ့ခင်ပွန်းဖြစ်သူအား ပွဲထုတ်မိတ်ဆက်ဖို့အစီအစဉ်မရှိဟု ပြောကြား'
Nfမှာတက်လာတဲ့သတင်းအား ဆောင်ဟွန်းဖတ်ရင်း မျက်ခုံးလေးပင့်ကာ ပြုံးစိစိ။
တကယ့်ကလေးလေးပဲ အဲ့လောက်တောင်ယတိပြတ်တွေပြောစရာလား။Mediaအနေနဲ့ 'မရှိ'အစား 'မရှိသေး'လို့ရေးသင့်တယ်လို့ ဆောင်ဟွန်းထင်မိပေမယ့် ကြာကြာမခံပါ။ ကျိန်းသေပေါက်သူသိတယ်။ ကျေးဇူးရှင်လေးကိုက 'မရှိ'လို့ပဲ ထုတ်ပြောမယ်ဆိုတာ တွေးကြည့်ရင်ပြေးကြည့်တာထက်တောင်ပိုမှန်ဦးမယ်။
Park Jay
တစ်နည်းအားဖြင့် သူ့အချစ်ဆုံးလေးဂျုံဆောင်း....
သူတို့လက်ထပ်ထားတာ သုံးလလောက်တော့ရှိပြီ။ပူပူနွေးနွေးကြင်စဦးအခြေအနေလို့မှတ်ယူလို့ရသေးတယ်မလား။ ဆောင်ဟွန်းတစ်ခါမှတောင်မတွေးကြည့်ဖူးဘူး အပေါင်းအသင်းဆိုလို့ဆယ်ယောက်မပြည့်တဲ့သူက ဘယ်နယ်ပယ်ကိုများခြေဆန့်ခဲ့လို့ ဒိတ်ဒိတ်ကြဲအဆိုတော်လေးနဲ့ရင်းနှီးခင်မင်ခွင့်ရပြီး လက်ထပ်ဖြစ်ခဲ့ပါလိမ့်ပေါ့။ကျိန်းသေပေါက်မြှားနတ်မောင်ကြောင့်ပေါ့။ မြှားနတ်မောင်အစစ်တော့မဟုတ်ပေမယ့် မြှားနတ်မောင်အစစ်ကလွှတ်ပေးလိုက်တဲ့ လူသားမြှားနတ်မောင်ဖြစ်လောက်တယ်။ အဲ့ဒီ့လူသားမြှားနတ်မောင်က ဆောင်ဟွန်းရဲ့ဆယ်ေယာက်မပြည့်သည့်ရှားရှားပါးပါးမိတ်ဆွေတွေထဲကတစ်ယောက်ဖြစ်နေခဲ့တယ်လေ။
ဟီဆွန်းဟျောင်းက မျက်နှာလေးကလည်းချို၊ နူးနူးညံ့ညံ့နဲ့ဆိုတော့ ကျောင်းတုန်းတည်းက မိတ်သင်္ဂဟလည်းပေါ၊ ဘေးမှာကောင်မလေးတွေလည်း ဝိုင်းဝိုင်းလည်တဲ့ ဆောင်ဟွန်းရဲ့စီနီယာကြီးဖြစ်ခဲ့တာပေါ့။ သူက ကက်သီးကက်သတ်ဂျုံဆောင်းရဲ့ မန်နေဂျာဖြစ်ခဲ့တာကိုး။ပြီးတော့ ဆောင်ဟွန်းညီဝမ်းကွဲကိုလည်းကြိုက်နေသေးတာလေ။
"ဆောင်ဟွန်းမို့လို့ဟျောင်းကယုံကြည်လို့အကူအညီတောင်းတာလေ လုပ်ပေးမယ်မလား။ကူညီပါဦးကွာ ဒီနေ့ဆောနူကဟျောင်းကိုအဖြေပေးမယ်ပြောထားတာလေ ချိန်းထားတာကနောက်နာရီဝက်ပဲလိုတော့တယ်။ အဲ့ပြောမရဆိုမရလေးကိုသွားဆွဲခေါ်ရရင် သူရစ်တာနဲ့တင်သုံးနာရီလောက်ကြာနေလိမ့်မယ်။ စီနီယာ့ကို ရည်းစားမရခင်ရည်းစားနဲ့မပြတ်စေချင်ဘူးမလား ပြီးတော့ဒီလိုစီနီယာနဲ့ယောက်ဖဝမ်းကွဲတော်ရမယ့်အခွင့်အရေးကို လက်လွတ်မခံပါနဲ့ကွာ နော်"