*no title love part 8*

693 45 2
                                    

"ရာ.."
"ဟမ်"
"နင့်ရဲ့ 20 နှစ်ပြည့်မွေးနေ့မှာ ငါ့ကိုယ်ငါ လက်ဆောင်ပေးမယ်ဆိုရင်ရော"

ရီနာက ပန်းသီး‌တွေခူးနေရင်းက ကျမကို လှမ်းပြောတာကြောင့် သူမအနားကို သွားလိုက်ရတယ်
ပန်းသီးပင်တွေက အိမ်ဝင်းထဲမှာပါ
ခြံတံခါးကနေ အိမ်ပေါက်ဝအထိ လမ်းဘေးဝဲယာမှာ စိုက်ထားတယ်
လိ‌မ္မော်ခင်းက အိမ်ရဲ့အနောက်ဖက်က ခြံထဲမှာ
ရီနာတို့အဖွားက ပန်းသီးခရက်ကာလည်း ထုတ်တယ်
ဘယ်လ်ဂျီယံက တင်ပို့သလို ပန်းသီးခရက်ကာမျိုး အဖြူရောင်ဗူးရှည်နဲ့ ထည့်ထားတယ်
အရသာကလည်း သိပ်မကွာဘူး
ကျမက အဲ့ဒီခရက်ကာကို တအားကြိုက်တော့ အဖွားတို့က အမြဲမပြတ်ပို့ပေးတတ်တယ်
အခုလည်း ကျမလက်ထဲမှာ ခရက်ကာဗူးလေးကိုင်ထားတယ်
စားလက်စခရက်ကာအပိုင်းလေးရော
အဲ့တာကိုမြင်တော့ ရီနာက ကျမလက်ကိုကိုင်ပြီး
ခရက်ကာလေးကို သူ့ပါးစပ်ထဲထည့်လိုက်တယ်
ကျမရဲ့လက်ကပါ သူမရဲ့နှုတ်ခမ်းတွေနဲ့ ထိတွေ့သွားတယ်
အဲ့ဒီခံစားချက်က တမျိုးပဲ
ဒါပေမယ့် ရီနာက ကျမလက်ကို ချက်ချင်းလွှတ်မပေးခဲ့ဘူး

"ရီနာ"
"ဘာလို့လဲ နင့်လက်မှာ အချိုတွေကျန်နေလို့
သန့်ရှင်းပေးတာလေ"
"ရတယ် အဲ့တာက.."

ကျမလက်ကို အမြန်ပဲ ဆွဲနှုတ်လိုက်တယ်

"ဘာလဲ ရာက
အဲ့တာကို မကြိုက်ဘူးလား
ခရက်ကာလေးကို မကျွေးချင်ဘူးလား"
"မဟုတ်ပါဘူး ရီနာရဲ့
ဒါပေမယ့် အဲ့တာက တမျိုးဖြစ်‌နေလို့"
"ဘယ်လိုမျိုးလဲ ရာ"
"မပြောတတ်ဘူးလေ ငါမှ တကယ်မသိတာကို"

ရာ့ရဲ့အသက်ရှုသံတွေ မြန်နေပြန်တယ်လေ
introvert ဖြစ်တဲ့ ရာက သူ့ခံစားချက်တွေကို အလွယ်ဝန်မခံတတ်ဘူး

"ဒါဆို နင်သိအောင် ပြောပြရမလား"
"ဘယ်လိုလဲ"

ရီနာက ကျမလည်ပင်းကို ဆွဲဖက်လိုက်ပြီး
နှုတ်ခမ်းတွေကို ထိတွေ့လိုက်တယ်
ပြီးတော့ နက်ရှိုင်းစွာနဲ့ အချိန်တခုကြာအောင်
ထိတွေ့မှုက မြန်ဆန်လွန်းတော့ ကျမမှာ တားချိန်မရလိုက်ဘူး

"ရီနာ..ငါ့လျှာ..တွေ ထုံနေပြီ"
"hmm..နင့်ရဲ့အရသာက ချိုနေတာကိုး"

ရာ့ပါးပြင်တွေက ချက်ချင်းပဲ အနီရောင်ပြောင်းသွားတယ်

"ဘာလဲ ငါ့အရသာ
ပန်းသီးခရက်ကာတွေ စားထားလို့ပါ"
"အဲ့လိုကြောင့်ဖြစ်မယ် နောက်တခါဆို
မုန့်စားချင်ရင် အခုလိုလုပ်ရမယ်"
"ရီနာ!
နင်ကလေ အမြဲ မဟုတ်တာတွေ တွေးနေတာပဲ"
"ဘာထူးဆန်းလို့လဲ နင်က ငါ့ကောင်မလေးပဲကို
ရာက ရှက်နေလို့လား..
ကြည့်ပါဦး နားရွက်ဖျားတွေက သွေးထွက်လာတော့မယ့်အတိုင်းပဲ"

*no title love*(complete)Where stories live. Discover now