unicode
အရသာရှိလှတဲ့ အနမ်းတခုပြီးတဲ့အခါမှာတော့နှုတ်ခမ်းတွေကို ထိရုံသာ အနည်းငယ် ဖြေလျှော့လိုက်ပါ၏။ နောက်ဆုံးတွင် သူမ၏ မူးဝေနေသော မျက်လုံးများကို ဖွင့်လိုက်သောအခါ သူတို့၏ အသက်ရှူသံများ ရောထွေးနေသည်။ သို့သော် သူမ၏ မှုန်ဝါးသော အကြည့်တွင် ထိုသူရဲ့ မျက်နှာသည် မပေါ်သေးမီတွင် သူ၏ လျှာသည် သူမ၏ ပါးစပ်အတွင်း၌ နစ်မြုပ်သွားပြန်သည်။ နောက်ထပ် နက်ရှိုင်းတဲ့အနမ်းမျိုးနဲ့ နမ်းလိုက်သည် ။ လျက်လိုက်စုပ်လိုက်ဖြင့်သူမပါးစပ်ကို စားသုံးရတာမလုံလောက်လာသလို အငမ်းမရဝါးမြိုနေသည်။
နမ်းနေရင်း အီဗီ က ဘာမှ မလုပ်နိုင်တော့ဘဲ သူမရဲ့ အသိစိတ်တွေကို ဖယ်ထုတ်ဖို့ ခြိမ်းခြောက်နေတဲ့ နားမလည်နိုင်တဲ့ ပျော်ရွှင်မှုကို ခံစားရတယ်။ သူမ၏ ရင်သားနှင့် ဗိုက်အတွင်းနှင့် ပေါင်ကြားတွင် ပူပူနွေးနွေး ချိုမြိန်သော အရာများဖြစ်ပေါ်လာတော့သည်။
သူမ၏ တုန်ရီနေသော လက်များက သူ့ကိုယ်လုံးပေါ် ရွေ့လျားကာ သူ့ရဲ့အဝတ်မဖုံးကွယ်နေတဲ့ ရင်ဘတ်ဆီသို့ ကပ်လိုက်ကာ သူမ၏ နှုတ်ခမ်းမှ ချိုမြသော ညည်းညူသံများ ထွက်ပေါ်လာသည်။ ဂါဘရီရယ် ၏ လည်ချောင်းထဲတွင် ကျေနပ်သံများ ထွက်ပေါ်လာပြီး သူ့ပါးစပ်သည် သူမ၏ မေးရိုးပေါ်သို့ ရုတ်တရက် ထိကပ်သွားသည်။ သူသည် ထိုနေရာ၌ သူမကို နမ်းပြီး ညှစ်လိုက်ပြီးနောက် သူမ၏လည်ပင်းမှတဆင့် ဖြည်းညှင်းစွာ ငုံ့သွားကာ တစုံတရာကို မြည်းစမ်းနေသကဲ့သို့ သူမကို နမ်းလိုက်သည်။ ပြီးတော့ အီဗီ က ထိုတုံ့ပြန်မှုမှာ အံ့ဩဖို့ကောင်းလောက်အောင် ခံစားရတော့သည်။
ချိုမြိန်သော ပူပြင်းသော ခံစားမှုသည် သူမ၏ ရင်သားများကို စိမ့်ဝင်စေပြီး ရုတ်တရတ် တိုးလာသည် ။ သူမ၏လည်ပင်း၏ ထိလွယ်ရှလွယ်သော အရေပြားကို ပြင်းပြင်းထန်ထန် စုပ်လိုက်သောအခါတွင် သူမသည် တုန်လှုပ်သွားပြီး သူမတစ်ကိုယ်လုံးတွင် ဓာတ်လိုက်နေသကဲ့သို့ ဖြစ်နေသည်။
ညည်းသံတစ်ဝက်ဖြင့် စကားလုံးများ ထုတ်ပြောရင်း သူမပါးစပ်မှ လွတ်ထွက်သွားသည်။ "ဂါ...ဂါဘရီရယ်....ခ...ခဏလေး....."
VOUS LISEZ
ညို့မှိုင်းယစ်ငင်
Fantasyခေါင်းစဉ် - ညှို့မှိုင်းယစ်ငင်(SPELLBOUND) အမျိုးအစား - Romance, Fantasy အီဗီရဲ့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာတော့ သူမရဲ့ မင်္ဂလာဆောင်နေ့လေးက သာယာအေးချမ်းပြီး နေသာတဲ့ နေရာလေးမှာပဲ ဖြစ်လိမ့်မယ်လို့ အမြဲထင်ထားခဲ့တာ။ ညလယ်ခေါင်ကြီးမှာ ညဉ့်သတ္တဝါကြီးနဲ့ လက်...