Unicode
................မာန်လုပ်ငန်းစု အိမ်တော်တွင် လူငယ်တစ်ယောက် အလိုမကျစွာထိုင်နေလေသည်။ မင်းစစ်အတွက် ယနေ့က သူ့ဘဝရဲ့ အဆိုးဝါးဆုံးနေ့တစ်နေ့ပင်။ ညဥ့်လရောင်ချို.... ခုသူ့ရှေ့မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်။
ထိုကောင်လေးနဲ့ မင်းစစ်ဒီကနေ့ စေ့စပ်ကြောင်းလမ်းဖို့ဖြစ်လာခဲ့ပီ။ လရောင်ချိုက မင်းစစ်ရဲ့အဘွားကို ဘယ်လိုဘယ်ပုံဖြင့် စည်းရုံးခဲ့သည်မသိ... သို့သော် လေးလအတွင်း ဒေါ်နန်းသူဇာတစ်ယောက် မင်းစစ် နဲ့ စေ့စပ်ပေးဖို့အကြောင်းဖန်လာခဲ့ပီ။
ဒါကသူ့အား အလွန်ပင် ဒေါသထွက်စရာကောင်းလွန်းသည် မဟုတ်လား။ ဒီစေ့စပ်ပွဲကို သူငြင်းဆိုဖို့ဆုံးဖြတ်ထားလေသည်မို့။
'' ကျွန်တော် လက်မခံနိုင်ဘူး။ ''
''ကိုစစ်???''
''မြေးလေး... ဘာလို့လဲ''
''မင်း...''
လူကြီးစုံရာတွင်မှ ချပြောလိုက်သည်မို့ လရောင်ရဲ့ မျက်နှာအနည်းငယ်ပျက်သွားပေမဲ့ ပြန်ထိန်းလိုက်ကာ အံ့သြသလိုပုံစံလေးပြန်ပြင်လိုက်သည်။ ဒါတွေကို မည်သူမျှမမြင်လိုက်တာကြောင့် သူအပြုံးတုလေးဆင်မြန်းရင်း ဒေါ်နန်းသူဇာတို့ဘက်ကို ကြည့်လိုက်လေသည်။
''အစကတည်းက လက်မခံဘူးလို့ငြင်းဆိုပီးသား ဒယ်ဒီတို့ကသာ ဇွတ်တရွတ်စီစဥ်နေတာ မဟုတ်လား။ ပီးတော့မင်း... ငါ မင်းကိုသဘောမကျဘူးလို့ပြောပီးသား။ မင်းဘာသာမင်း ငါ့အဖွားကို ဘယ်လိုစည်းရုံးလိုက်လဲမသိပေမဲ့ ငါတော့ ဒီကလူတွေစကားကို နားထောင်မဲ့ အူကြောင်ကြားထဲမှာ မပါဘူး။ နောက်ပီး ဒီကလူတွေကို သိအောင်တစ်ခါတည်းပြောလိုက်မယ်။
ကျွန်တော်က ကိုယ်မချစ်ပဲ လက်ထပ်ရအောင် အရူးမဟုတ်ဘူး။ အေး ကျွန်တော်ချစ်လာမဲ့သူထဲမှာလည်း သူမပါဘူး။ ကျွန်တော့်ရဲ့ အိုမီဂါကရှိနေပီးသား။ ဒါက ညဥ့်လရောင်ချိုဆိုတဲ့ သူမဟုတ်တာတော့ သေချာတယ်''
ပြောရင်း မတ်တပ်ထရပ်လိုက်သည်။ ပီးတော့ထွက်သွားဖို့ပြင်နေတာကြောင့် ဦးမာန်ထည်ဝါရဲ့ တပည့်တွေက သူ့အားဟန့်တားလာသည်။ လရောင်ချိုတို့ မြေးအဖိုးကလည်း မျက်နှာတွေပျက်နေကြပီး ဦးမာန်ထည်ဝါကတော့ ဒေါသကြောင့် မျက်နှာတွေနီမြန်းနေလေသည်။ ဒေါ်နန်းသူဇာကတော့ ထိုင်ကြည့်ယုံသာ။
ESTÁS LEYENDO
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...