"ကျွန်တော်ပြောစရာတစ်ခုရှိတယ်"
သူတို့အဖွဲ့Companyကန်တင်းတွင် နေ့လည်စာအတူတူစားနေချိန် လွမ်း ပြောလိုက်တော့ အကိုအမတွေရဲ့မျက်လုံးက သူဆီရောက်လာလေသည်။
"ပြောစရာရှိတာထပ် ဝန်ခံစရာတစ်ခုဆို ပိုမှန်ပါလိမ့်မယ်"
နောက်၂ရက်ဆိုရင် သူ့ဒယ်ဒီCompanyတွင် ဝင်လုပ်ငန်းလေ့လာတာ တစ်လဆိုတဲ့အချိန်ပြည့်သွားသည့်အပြင် မနေ့က ဒယ်ဒီကလည်း သူ့ကိုCompanyကို ဦးစီးစေချင်သည့်အကြောင်းကိုပါ ထည့်ပြောလာသောကြောင့် ဘယ်သူကိုမှအရင်အသိမပေးခင် သူ့ကိုယ်တိုင်ဘဲ မိသားစုတွေလိုသဘောထားဖေးမကူညီပေးတဲ့အကိုအမတွေကို အရင်ပြောပြဖို့ စိတ်ကူးလိုက်မိသည်။
"ပြောလေ ဟိန်းလေး အမတို့တွေ နားထောင်နေတယ်"
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အမချိုက ဖွင့်ပြောဖို့ တုံ့ဆိုင်းနေတဲ့ လွမ်းကို ပြောရန် စပြောလိုက်လေ၏။
"ကျွန်တော်က ဦးကောင်းထက်နဲ့ ဒေါ်ခင်ရတနာတို့ရဲ့ တစ်ဦးတည်းသော သား Kaung Companyရဲ့ဆက်ဆံသူ လွမ်းဟိန်းထက်မှူးပါ"
"ဟင်"
"ဟမ်"
"တကယ်ကြီးလား"
လွမ်းရဲ့ဝန်ခံတဲ့အသံအဆုံးအဖွဲ့ဝင်တွေက အံ့သြသလိုလွမ်းကိုကြည့်လာလေရဲ့။
"ဟို ကျွန်တော်က အကိုအမတွေကို လိမ်ထားတာမဟုတ်ရပါဘူး ကျွန်တော်ဒီတိုင်းလုပ်ငန်းဝင်ပြီး ဒယ်ဒီနေရာ ချက်ချင်းယူလိုက်ရင် ဝေဖန်တိုက်ခိုက်မှုတွေအပြင် ကျွန်တော်ရဲ့အရည်အချင်းကို မယုံသလိုလုပ်ပြီး ရှယ်ယာရှင်တွေ ထကြွသွားမှစိုးတာ ဒီလိုဝန်ထမ်းအရင်ယောင်ဆောင်လုပ်ရတာပါ"
"ပြီးတော့ ဝန်ထမ်းတွေရဲ့ဆက်ဆံရေးတွေကိုပါ တစိခါတည်းသိအောင် ခုလိုလုပ်ရတာ လိမ်ညာသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ဗျ"
"ငါ့မပြောဘူးလား ဟိန်းလေးက သာမာန်လူတန်းစားကမဖြစ်နိုင်ဘူးလို့ သူ့လက်လေးတွေဆို ငါ့တို့လက်တွေထပ် ပိုသေးသွယ်နုဖတ်နေတာဒါကြောင့်ပြောတာကို မယုံကြဘူး မြင်လား ယုသက်"
VOCÊ ESTÁ LENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023