Part ( 5 ) ( Zawgyi )

830 21 0
                                    


ဒီနေ့ရောင်နီဆေးခန်းစထိုင်တော့မဲ့ နေ့ဖြစ်သည်
မနက်အိပ်ယာထပြင်ဆင်ပြီး ဆေးခန်း သွားဖို့
အသင့်ဖြစ်နေပြီ ။

"ဒေါက်တာလေး လာထိုင်လေကွယ်မနက် ၈ နာရီပဲ
ရှိပါသေးတယ် မနက်စာစားဖို့အေးဆေး အချိန်ရပါတယ် "

"ဟုတ်ကဲ့ ဦး "

"မနေ့က လိုအပ်တဲ့ဆေးပစ္စည်းနဲ့ဆေးဝါးတွေ လာပို့တယ်
ဒေါက်တာလေးနဲ့ သားငယ်တို့ရွာဆုံဈေးဘက်သွားကျ
တယ်ဆိုလို့ဦးလေးလိုက်သွားပြီး ဆေးပေးခန်းထဲမှာ
ပစ္စည်းတွေထားခဲ့တယ်ကွဲ့ "

"ဟုတ်ကဲ့ဦး ကျွန်တော်ရောက်မှနေရာချလိုက်ပါမယ် "

"ကဲ ! သမီးကြီးရေ မနက်စားဖို့ပြင်ပေးလေကွယ်
ဦလေး ကမနက်အစောထဲကထမင်းကြမ်းစားပြီးပြီကွဲ့
ယာထဲမှာ စပါးတွေပိုးကျနေတယ်ပြောလို့ဆေးဖြန်းဖို့
အခြေအနေသွားကြည့်ပေးလိုက်မလို့ အလတ်ကောင်နဲ့
လိုက်သွားလိုက်အုံးမယ်ဦးလေးကို ခွင့်ပြုအုံးနော့် "

"ဟုတ်ကဲ့ပါ ဦး "

"မောင်လေး လေပြေရေ လုပ်နေတာမပြီးသေးဘူးလား "

"သမီးကြီး သားငယ်လေး မီးဖိုးဆောင်ထဲ
ဘာဝင်လုပ်နေလို့လဲ "

"အမေရေ အမေ့သားလေပြေလေ ကျောင်းသွားဖို့
ပြင်ဆင်ပြီးဆင်းလာပြီးမှ မီးဖိုးဆောင်ထဲဝင်နေတယ်
ဘာတွေဝင်လုပ်နေတယ်မသိပါဘူး
သမီးလုပ်ပေးမယ်ဆိုတာလဲ မရဘူး "

"ပြီးပါပြီ မမကြီးရယ် ဒီမှာ အကို့အတွက်မနက်စာ
လုပ်ပေးနေတာ "

"ဟာ ! စောရယ် ရပါတယ် ဘာပဲဖြစ်ဖြစ်
ကိုယ်အဆင်ပြေပါတယ် "

"ဘယ်ဟုတ်မလဲအကိုရယ် အကိုကမြို့မှာနေလာတဲ့
သူဆိုတော့မနက်အဆာပြေစာက နေ့တိုင်းထမင်းစားဖို့အကို့အတွက်အဆင်မပြေလောက်ဘူးဆိုတာ
ကျွန်တော်သိပါတယ် "

"ဒီမှာ ပေါင်မုန့်ကြက်ဥကြော် နဲ့ ကော်ဖီ ကော်ဖီကတော့  Ready made ပေါ့ဗျာအခါးမကြိုက်ဘူးထင်လို့
အစိမ့်ထုတ်ပဲဝယ်လာတယ် ပေါင်မုန့်ကြက်ဥကြော်ကိုလည်း
အချိုလျော့ပေးထားတယ်နော် "

"ရပါတယ် စောရယ် ကိုယ့်အတွက်အပင်ပန်းမခံပါနဲ့ "

စောလာချပေးတဲ့ရောင်နီ့အရှေ့ဆီက
ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီခွက်လေးကို
ကြည့်ပြီး စောကိုပြောလိုက်တယ် ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )حيث تعيش القصص. اكتشف الآن