Unicode
"မှော်သစ်ပင်ရေးတဲ့ဖူးစာ"Part.2
ပါဝင်သည့်ဇာတ်ကောင်-နှောင်းခါတော်မီ
ခွန်းရွှေကြာ(မူရင်းficနဲ့ထပ်တူကျခြင်းလုံးဝမရှိပါ)
-----------------------💙💙💙-----------------------
"ကျွန်မကိုခေါ်သွားပါနော်""မရဘူး..မင်းနေခဲ့စမ်းပါကွာ.သွားရမှာက
အပျော်မဟုတ်ဘူးပြန်လာရင်အထုတ်တွေနဲ့""ရှင့်ချီနေရတာလည်းမဟုတ်ပဲနဲ့ဒီတိုင်းလေး
ငြိမ်ငြိမ်လေးလိုက်မှာကို"ခါတော်မီနောက်ဆုံးတော့လက်လျှော့ကာ
ခေါ်လာခဲ့ရတော့သည်၊မယုံချင်ပေမဲ့လည်း
ဒီမိန်းကလေးရဲ့အဝတ်အစားကအစကိုရီးယား
ရိုးရာဝတ်စုံလိုလိုတရုတ်ရိုးရာဝတ်စုံလိုလိုနဲ့
ထူးဆန်းနေတာကြီးကို၊လေတိုက်လိုက်တိုင်း
တလွင့်လွင့်ဖြစ်နေတဲ့ဝတ်ရုံလေးနဲ့ရွှေကြာက
တရုတ်သိုင်းကားထဲကမင်းသမီးလေးအတိုင်း၊"ဒါနဲ့မင်းတို့ဆီမှာဒီလိုပဲဝတ်ကြတာလား"
"အင်း..ဒီလိုပဲဝတ်ရတာပေါ့"
တစ်ချို့ကလည်းထူးဆန်းနေတဲ့ရွှေကြာ့ကို
ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်၊
ပေါင်တိုလေးတွေဝတ်သွားကြတဲ့ကောင်မလေး
တစ်ချို့ကိုတွေ့ရင်ရွှေကြာကခေါင်းလည်
ထွက်မတက်ကြည့်နေတာကြောင့်ခါတော်မီ
မျက်မှောင်ကျုံ့ကာ"မိန်းကလေးစိတ်ဝင်စားတာလား"
"ရူးနေလား..သူတို့အဝတ်အစားတွေထူးဆန်း
လို့ကြည့်နေတာ"လမ်းလျှောက်ရင်းနဲ့ရွှေကြာ့ကိုလည်းလိုက်ထိန်း
နေရသေးသည်၊တစ်ခုခုမြင်တာနဲ့ထိုအနားမှာ
မတ်တပ်ရပ်ပြီးကျန်နေခဲ့တာမို့ပြန်ပြန်ခေါ်
နေရလေသည်၊🌸🌸🌸🌸🌸🌸🌸🌸
Marketရောက်တာနဲ့ဝယ်စရာရှိတာတစ်ချို့
ကိုလိုက်ဝယ်ရင်းဘေးမှာရွှေကြာပါမလာတာ
ကိုခါတော်မီသတိမထားမိလိုက်၊ပိုက်ဆံအမြန်
ရှင်းကာအပြင်ထွက်လာတော့ရွှေကြာက
တိုက်မြင့်ကြီးပေါ်ကိုကြည့်နေတာပင်၊
ခါတော်မီထိုနားကိုပြေးသွားကာရွှေကြာ့
လက်ကိုလှမ်းဆွဲပြီး
ESTÁS LEYENDO
𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔(ခေတ္တရပ်နားခြင်း)
Historia CortaGLဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ် နှစ်ပိုင်းပြတ်သုံးပိုင်းပြတ်အပြီးအစီး ဇာတ်လမ်းတိုပါ၊ဖတ်ပေးကြပါအုံး။ (❤️𝑮𝒊𝒓𝒍 𝑳𝒐𝒗𝒆 𝑺𝒉𝒐𝒓𝒕 𝑺𝒕𝒐𝒓𝒊𝒆𝒔❤️)