အပိုင်း၂၀(Unicode)

195 7 0
                                    

နက်တို့3ယောက်Bee Club ရောက်တော့ VVIP ဝိုင်းကို ယူထားပြီး သောက်နေကြသည်။အဲ့တုန်း Dance Floor သွားကတဲ့ ခေတ် တစ်ယောက်သွားပြီး မကြာခင် အလောတကြီးပြန်ရောက်လာလေ၏။

"ဟေ့ကောင် နက်"

"အင်း"

"အောက်မှာ အကိုလွမ်းရောက်နေတယ်"

"ငါ့လာပြီး မနောက်နဲ့ ခေတ် ဒီဟာသက မရီရဘူး လွမ်းဟိန်းထက်မှူးကို ဒီလိုနေရာမျိုးရောက်စရာလား"

"ရောက်စရာလား မသိပေမယ့် သူ့ကောင်လေးဆိုတဲ့ဟိုကောင်လေးနဲ့အတူတူလာတာ မယုံရင် ဒီအပေါ်ကနေ လှမ်းကြည့်ရင် ညာဘက်ထောင့်..."

"ဝုန်း"

ခေတ်စကားတောင်မဆုံးသေးဘဲ ဝုန်း ကနဲ့ ထသွားပြီး အပေါ်ကနေ Dance Floorနားက ဝိုင်းတွေကို မျက်မှောင်ကျုံ၍ လိုက်ကြည့်နေသော နက်။သူ့ရှာနေတုန်းတွေ့ပါပြီ Dance Floorရဲ့ညာဘက်ထောင့်ဝိုင်းတွင် သူ့Companyက မိတ်ဆွေတွေနဲ့အတူတူတစ်ဝိုင်းတည်းထိုင်နေသော်လည်း ဟိုအကောင်နဲ့ဘေးချင်းကပ်ထိုင်နေလေရဲ့။

"ကျစ် ဘာလို့အဲ့လောက်ပူးကပ်စကားပြောနေရတာလဲ"

သူ့ကြည့်နေဆဲ ၂ယောက်သားဘေးချင်းကပ်ရပ်ဖြစ်သည့်အလျောက် နီးကပ်စွာစကားပြောနေသည့်က မနမ်းမိရုံပဲရှိတော့၏။

"လွမ်းဟိန်းထက်မှူးတို့ကတော့ သူ့မပါဘူးဆိုတိုင်း ဟိုကသောက်ခိုင်းတိုင်း သောက်ရသလား"

VVIPအပေါ်ထပ်ကနေလှမ်းကြည့်ပြီး ပွစိပွစိနဲ့မျက်မှောင်ကျုံ၍ ပြောနေသော ခွန်းသက္ကရာဇ်ဈာန်ပုံစံကြောင့် ခေတ်နဲ့ဗညားကတော့နောက်ကနေ ရပ်ကြည့်ရီနေလေသည်။

"သွားမှဖြင့်လည်း သွား အပေါ်ကနေ ပြောနေတာ မသိရင် ခိုးကြောင်ခိုးဝှက်သူခိုးကျနေတာပဲ"

"ဟုတ်ပါ့ကွာ"

"ဟားဟား"

ခေတ်နဲ့ဗညားတို့၂ယောက်ကိုယ့်ဘာသာပြောပြီး သဘောကျရီနေတုန်း ဟိုကောင်က ဝရုန်းသုန်းကားအောက်ဆင်းသွားလေတော့ ရီနေတဲ့၂ယောက်သားဘာဖြစ်တာပါလိမ့်လို့ အပေါ်ကအမြန်လှမ်းကြည့်လိုက်တော့ တစ်စုံတစ်ယောက်ကြောင့် သဘောပေါက်သွားရသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Dove le storie prendono vita. Scoprilo ora