အဖွဲ့သားတစ်ယောက်က လက်မောင်းရင်းမှ ကိုင်ကာ ဆွဲခေါ်လာသော သူဆီအား jungkookနဲ့ Taemin သာမက အဖွဲ့သားအားလုံးငေးကြည့်နေကြသည်။သူ့အား အတင်းဆွဲခေါ်လာတာကြောင့်
မကျေနပ်နေသည့် မျက်ဝန်းကျဉ်းကျဉ်းတွေက မျက်မှန်ဘောင်တွေအောက်မှာတောင် စူးရှလွန်းနေသည်။တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းလွှာတို့ကလည်း ငြိမ်သက်နေကာ
နဂိုအရောင်လားမပြောတတ် ။ပန်းဆီရောင်ဖြင့် ဖူးကြွနေသည့်နှုတ်ခမ်းက အလှဆုံးလို့ပြောရမလား?ငြို့ဓာတ်ပြင်းသည်။Shirt လက်တိုအဖြူလေးအား style pant အသားရောင်နဲ့တွဲဝတ်ထားကာ ခေါင်းပေါ်က
သိုးမွှေးဦးထုပ်လေးနဲ့ ထိုလူသားလေးက
ရိုးရှင်းစွာ လှပနေပေမယ့် မင်းသားနဲ့ ဒါရိုက်တာကြီးမှာ အကြည့်မလွဲန်ုင်ကြပေ။Jungkook စိတ်ထဲ တွေးနေမိသည်က
"တကယ်ကြီးလား"ဟုပင်။အိပ်မက်ထဲမှာပဲ မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်ကလေးက သူ့ရှေ့တွင် အကောင်အထည်လိုက်ရှိနေသည်ကို သူ မယုံကြည်နိုင်သေး။မင်းနဲ့ငါ ဘယ်လ်ုများပတ်သက်ခဲ့လို့ ငါ့အိပ်မက်တွေထိတောင် ကျူးကျော်လာရတာလဲ?"ဖယ် လွှတ်!!"
အသံစူးစူးနဲ့အတူ အနားရောက်လာမှ
Jungkook အကြည့်တို့ပြန်ပြင်လိုက်ရသည်။"ဘာဖြစ်လာတာလဲ?"
"ကျွန်တော်တို့ ရိုက်ကူးရေး လုပ်နေတာကို ခိုးရိုက်နေလို့ပါ မင်းသား "
Jungkook မျက်ခုံး တစ်ဖက်ပင့်သွားကာ
အရှေ့က လူသားလေးအား စေ့စေ့ကြည့်ကာ"မင်း ဘာလို့အဲ့လိုလုပ်တာလဲ ?"
ဘေးဘက်ကို အကြည့်လွှဲထားရာမှ Jungkook မေးလိုက်သောအခါ ပြန်ကြည့်လာပြီ ခပ်တိုတိုပင်ဖြေလိုက်သည်။
"ကြည့်မရလို့ မုန်းလို့ !"
Wait!မုန်းတာ ။ကြည့်မရတာ။ငါ့ကို ငါ့ကိုတဲ့လား?ဟားးး
ဒီလောက် ယောင်္ကျားဆန် ချောမောပြီးပြည့်စုံနေတဲ့ ငါ့လိုလူကို ဒင်းက ကြည့်မရတာဆိုတော့ သူ့မျက်လုံးက ငါးပါးမှောက်နေလို့လား?Fanတွေကြားရင်တော့ ရင်ထုမနာ ငိုနေကြလိမ့်မည်။
YOU ARE READING
More Than Life
Fiksi Penggemarကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-