မေရှားခက်ထန် ကလေး နှစ်ယောက်စလုံးကို သူပိုင်တဲ့ ဆေးရုံကိုပဲ ခေါ်သွားလိုက်၏။
ဒီကိစ္စက လူများများသိလို့ မဖြစ်တဲ့အပြင်တရားမဝင် ဆေးမှုရော မုဒိမ်းမှုရော ရောစပ်လို့နေသည်။
မေရှားခက်ထန် ကိုယ်တိုင်လဲ အခက်တွေ့နေမိသည်။
ဘယ်လောက်တောင် ဆိုးသွမ်းလိုက်တဲ့ ကောင်လေးတွေပါလိမ့်။အဆိုးဆုံးကတော့ သားတော်မောင် မင်းသခင်ခက်ထန်ကြောင့် ဒီကိစ္စတွေက ဖြစ်လာရတာချည်းပဲ။
ဆေးရုံရောက်တဲ့အခါ ဖြူဖျော့နေတဲ့ အဝတ်ဗလာလေးနဲ့ ကောင်လေးက သေမလိုပဲ ။
ကောင်လေးရဲ့ အပေါက်ထဲက ထပ်ထွက်လာတဲ့သွေးတွေကို တိတ်အောင်လုပ်ပေးပြီး သွေးသွင်းဖို့ သွေးစစ်လိုက်တော့ B သွေးဖြစ်နေသည်။
"သွေးလိုတယ်"
ထိုအခါ အမြဲလို ခပ်တည်တည်နေတဲ့ စိုင်းဖြိုးက အလျှင်စလိုဖြင့် မေရှားခက်ထန်အနားပြေးလာပြီး သူ့လက်ကို အတင်းထိုးပေးကာ...
"ကျွန်တော့်ဆီကယူပါ ...ကျွန်တော် B သွေးပါ"
"ငါ့မှာရှိတယ် မလိုဘူး"
မေရှားခက်ထန် ဘယ်ဆရာဝန်တွေကိုမှ အကူ မခေါ်ဘဲ သူတစ်ယောက်ထဲပဲ ဒီကောင်လေးကို ကိုင်တွယ်သည်။
မေရှားခက်ထန် ကောင်ငယ်လေး ကို သေချာ သွေးချိတ်ပေးနေရင်း ကောင်ငယ်လေးရဲ့ မျက်နှာလေးကို သေချာမြင်လိုက်ရသည်။
မျက်နှာလေးက နုဖက်နေပြီး ချစ်စရာကောင်းလွန်းနေတာကြောင့် အသက်မပြည့်ဘူးတောင် ထင်သွားရသည်။
လူသတ်ရင်တောင် ခြင်သတ်သလို သတ်နေတဲ့ အကောင်က ကောင်ငယ်လေးရဲ့ လက်ကလေးတစ်ဖက်ကို ယုယုယယလေး ကိုင်ပြီး နဖူးက ကိုယ်အပူချိန်လေးကိုလဲ စမ်းသပ်နေသေးသည်။
မေရှားခက်ထန် နံရံကို ကျောမှီပြီး လက်ပိုက်ထားရင်း စိုင်းဖြိုးကို စကားပြောလာ၏ ။
"နင် ...သူ နဲ့ သိလား"
"တစ်ခါပဲတွေ့ဖူးပါတယ်"
"အသက်ရော ပြည့်ရဲ့လား"
"သားမသိဘူး"
"ဒါက မုဒိမ်းမှုမြောက်တာ သိလား..."

YOU ARE READING
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...