Part ( 6 ) ( Unicode )

2.2K 124 24
                                    


"ဒီနေ့တော့ရာသီဥတုအခြေအနေမကောင်းဘူးဟေ့
ညနေမိုးကြီးကြီးရွာတော့မယ်ထင်တယ်ကွဲ့ "

"ဖေကြီးသားတို့သွားတော့မယ်နော် "

"အေအေ သားငယ် "

"အကို ဒီတပတ်ပိတ်ရက်ဆို ကျွန်တော် ရန်ကုန်သွားရတော့မယ် စာမေးပွဲဖြေမှာက ၁၀ လပိုင်းထဲမှဆိုပေမဲ့
တလတော့ကြိုသွားရမယ်အဆောင်မှာသွားနေပြီး
ကျူရှင်လဲကြိုတက်ရမယ်လေ "

ခြံဝိုင်းထဲကထွက်လာပြီး လမ်းမပေါ်အရောက်မှာ
ကျွန်တော် အကို့ကို ပြောလိုက်တယ် ။

"ဟုတ္လား  ဒီနေ့ပဲသောကြာနေ့ဖြစ်နေပြီလေ မြန်လိုက်တာ
စောမရှိရင်တော့ ကိုယ်တော့အဖော်မရှိဖြစ်တော့မှာပဲ "

အချိန်တွေကမြန်လိုက်တာ ရောင်နီ ဒီကိုရောက်လာခဲ့တာ
တောင်တလကျော်ပြီပဲ ရောက်လာတဲ့နေ့ကနေစပြီး
တရက်ကနေတပတ် တပတ္ကေန တလကျော်တောင်ရှိနေပြီ ရောက်ခါစကတော့ဒီလိုကျေးလက်ဒေသလေးမှာ
အဆင်ပြေပါ့မလားတွေးမိခဲ့ပေမဲ့အခုပြန်စဉ်းစားကြည့်တော့ ဒီကာလတွေကြားထဲမှာ အရာရာအဆင်ပြေပြေ နဲ့
နေနိိုင်ခဲ့တာပဲ ။

"အိမ်မှာမိသားစုတွေအားလုံးရှိတယ်လေ အကိုအဖော်မရှိ
မဖြစ်ပါဘူးဖေကြီးတို့ မေကြီးတို့ မမကြီးတို့လည်း
ရှိနေတာပဲလေ "

"ကျန်တဲ့သူတွေအားလုံးရှိတာထက် စောနဲ့ရှိနေတဲ့
အချိန်ကာလတွေကပိုများခဲ့တယ်လေ
ဒီကာလတွေအတွင်းမှာ ကိုယ့်ဘေးနားမှာ စော
ရှိနေလို့လည်းကိုယ်ဒီဒေသလေးမှာ နေသားကျလာခဲ့တာ "

"စာမေးပွဲဖြေပြီးတာနဲ့ ကျွန်တော်ပြန်လာမှာပါ အကို "

စကားပြောရင်းလာနေခဲ့ကျတာ ( မုဒိတာလမ်း ) ထိပ်
တောင်ရောက်လာခဲ့ပြီး လမ်းထိပ်ရောက်တော့ လမ်းထဲကထွက်လာတဲ့ကျော်မျိုး နဲ့ ရဲခေါင်ကို တွေ့တယ် ။

"ဒေါက်တာ ဆေးခန်းသွားတော့မလို့လားဗျ
ကျွန်တော်တို့ရွာမှာနေရတာကကော အဆင်ပြေရဲ့လား "

"ပြေပါတယ် ညီလေး နေသားကျလာပါပြီ "

"ဒါနဲ့လေပြေကော စာသင်ကျောင်းသွားတော့မှာလား "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Donde viven las historias. Descúbrelo ahora